#Local_News
Published_ 10 April 2023

သင်္ကြန်ပိတ်ရက်အပြီး ဧပြီလ ၂၄ ရက် တွင် တောင်ကိုရီးယားနိုင်ငံသို့် မြန်မာလုပ်သား ၁၅၀ နီးပါး စေလွှတ်သွားမည်ဟု အစိုးရပြည်ပ အလုပ်အကိုင်အေဂျင်စီ (POEA)က ကြေညာထားသည်။

 

ယင်းကဲ့သို့ စေလွှတ်မည့်အလုပ်သမားများတွင်  လုပ်သားအသစ် ၁၀၅ဦးနှင့် လုပ်သားဟောင်း(Re-entry) ၄၃ဦးဖြစ်ကြောင်း ပါရှိသည်။

 

သွားရောက်လုပ်ကိုင်ခွင့် ရမည့်အလုပ်သမားများ၏ အမည်စာရင်းကိုလည်း ထုတ်ပြန်ထားပြီးအဆိုပါအလုပ်သမားများအနေဖြင့် လိုအပ်သည့် ပြင်ဆင်မှုများဆောင်ရွက်ရန် ဧပြီလ ၁၈ ရက်နှင့် ၂၀ ရက်တို့တွင် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ရှိ ပင်လုံခန်းမဆီလာရောက်ကြရန်လည်း အသိပေးထားသည်။

 

ယင်းကဲ့သို့လာရောက်သည့်နေ့တွင် အာမခံကြေး ၊ဝန်ဆောင်ခနဲ့ လေယာဉ်စရိတ်ပေးသွင်းကြရမှာဖြစ်ကြောင်းလည်း သိရသည်။
#ymg/mt
#Local_News #သင်္ကြန်ပိတ်ရက် # မြန်မာလုပ်သား
#YMG #Yangon_Media_Group