#Local_News
Published_ 8 April 2023

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၂၂၂/၆)အနီးတွင် ယနေ့ ဧပြီလ ၈ ရက် မွန်းလွဲ ၃ နာရီခန့်က Swift အမျိုးအစား ယာဉ်(၁)စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ တစ်ဦးသေဆုံးကာ တစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သိရသည်။

 

အဆိုပါ ယာဉ်ပေါ်တွင် အမျိုးသားတစ်ဦး အမျိုးသမီး ၃ ဦးလိုက်ပါခဲ့ကြရာ ယာဉ်တိမ်းမှောက်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးကာ အမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြကြောင်း သိရသည်။

 

အခင်း ဖြစ်ပွားရာနေရာသို့ ပန်းတင်အမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြပြီး ထိခိုက်ဒဏ်ရာရသူနှင့် သေဆုံးသူတို့ကို မေတ္တာရေစင်လူမှုကူညီရေးအသင်းမှ ယာဉ်ဖြင့် နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ymg/mt
#Local_News #ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး #ယာဉ်တိမ်းမှောက်မှု
#YMG #Yangon_Media_Group