#Local_News
Published-8 April 2023

ကျန်းမာရေးဝန်ကြီးဌာန၏ ဆေးပညာပိုင်း ရာထူးဝင်ရာ အလုပ်အကိုင်နေရာများအပါအဝင် ဝန်ကြီးဌာန ၄ခုက အလုပ်အကိုင် (၁၉၉)နေရာအတွက် လျှောက်လွှာများခေါ်ယူနေကြောင်း သိရသည်။

 

ယင်းကဲ့သို့ လစ်လပ်လျက်ရှိသည့် အလုပ်အကိုင်ရာထူး (၁၉၉)ခုအတွက် လျှောက်လွှာခေါ်ယူနေသည့် ဝန်ကြီးဌာန (၄) ခုမှာ ကျန်းမာရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စက် မှုဝန်ကြီးဌာနတို့လည်း ပါဝင်နေကြောင်း ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ၏ ဧပြီ (၃) ရက်ကထုတ်ပြန်သည့် ကြေညာချက်အရ သိရသည်။

 

အဆိုပါ ကြေညာချက်အရ ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ် ဦးစီးဌာနအတွက် ဆရာဝန်(သရုပ်ပြ)ရာထူး (၉၇) နေရာ၊ ဆရာဝန် (သွားနှင့်ခံတွင်း) (သရုပ်ပြ) ရာထူး (၃၀) နေရာ၊ တိုင်းရင်းဆေးတက္ကသိုလ်၊တိုင်းရင်းဆေးပညာဦးစီးဌာနအတွက် ဆရာဝန် (သရုပ်ပြ) ရာထူး (၁၃) နေရာ၊ အစားအသောက်နှင့်ဆေးဝါးကွတ်ကဲရေး ဦးစီးဌာနအတွက် ဦးစီးအရာရှိ (အစားအသောက်)ရာထူး (၂၀) နေရာ၊ ဦးစီးအရာရှိ (ဆေးဝါး) ရာထူး (၁၆) နေရာ၊ ဦးစီးအရာရှိ (ဆေးပစ္စည်း/အလှကုန်) (၆)နေရာအတွက် လျှောက်လွှာများခေါ်ယူနေခြင်းဖြစ်ဦးစီးထို့အပြင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟို ပို့ဆောင်ဆက်သွယ်ရေး ကျောင်းအတွက် ဆရာဝန် (၁) နေရာ၊ မြန်မာ့မီးရထားအတွက် လက်ထောက်ဆရာဝန် (၁၂) နေရာ၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန/ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းအတွက် ဆရာဝန်(အမျိုးသား) (၁) နေရာ၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းအတွက် လက်ထောက်ဆရာဝန် (၁) နေရာ၊ စက် မှုဝန်ကြီးဌာန၏ မြန်မာ့ဆေးဝါးလုပ်ငန်းအတွက် အလုပ်ရုံခွဲမှူး (၂) နေရာတို့အတွက်လည်း ခေါ်ယူလျက်ရှိထားကြောင်း သိရသည်။

 

ဝင်ရောက်လျှောက်ထားလိုသူများအနေဖြင့် ပြည်ထောင်စု ရာထူးဝန်အဖွဲ့ရုံး (နေပြည်တော်)၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ (ရန်ကုန်ရုံးခွဲ)၊ တိုင်းနှင့် ပြည်နယ်အစိုးရ အဖွဲ့ရုံးများတွင် လျှောက်လွှာများ ဝယ်ယူလျှောက်ထားနိုင်ပြီး လျှောက်ထားမည့်သူများအနေဖြင့် လူကိုယ်တိုင်(သို့မဟုတ်) စာတိုက် မှတစ်ဆင့်ဖြစ်စေ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ရုံးအမှတ်(၁၇) နေပြည်တော်သို့ Online စနစ်ဖြင့် e-Recruitment and Selection System (e-R SS) (UCSBe-RSS Mobile Application နှင့် UCSBe- RSS Web Based) တို့ကို အသုံးပြုကာ မေ (၁၀) ရက်တွင်နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်ကြောင်းသိရသည်။
#ymg/mt
#Local_News #ကျန်းမာရေးနှင့်လျှပ်စစ်ဝန်ကြီးဌာန #လျှောက်လွှာများခေါ်ယူနေ
#YMG #Yangon_Media_Group