#Local_News
Published_ 4 April 2023

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၉၄/၂) တွင် အောင်ကျော်မိုးခရီးသည်တင်ယာဉ်သည် ယနေ့ ဧပြီလ ၄ ရက် နံနက် တစ်နာရီ မထိုးမီ အချိန်က တံတားလက်ရမ်းအားတိုက်မိမှုဖြစ်ပွားခဲ့သောကြောင့်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။

 

အဆိုပါ ယာဉ်ပေါ်တွင် အမျိုးသား (၂၇)ဦး၊ အမျိုးသမီး (၂၈)ဦး၊ စုစုပေါင်း(၅၅)ဦး လိုက်ပါလာကြသည့်အနက် အမျိုးသား (၁)ဦးသေဆုံးကာ (၃)ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြကြောင်း သိရသည်။

 

အခင်းဖြစ်ရာ နေရာသို့ ပလွေးအမြန်လမ်းမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကာ ဒဏ်ရာရသူများအား နေပြည်တောင်ကုတင်(၁၀၀၀)ဆေးရုံကြီး သို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ymg/mt

#YMG #Yangon_Media_Group