Published_ 4 April 2023

ရန်ကုန်တိုင်းဒေသကြီး ၊ သင်္ဃန်းကျွန်းမြို့နယ်၊ (ဆ)သုမင်္ဂလာရပ်ကွက်၊ ဝေဇယန္တာလမ်းမပေါ်၊ သုဝဏ္ဏဘောလုံးအားကစားကွင်းရှေ့တွင် ဧပြီလ ၃ ရက် ည ၁၁ ခွဲခန့်က ယာဉ်တိမ်းမှောက်မှု တစ်ခုဖြစ်ပွားခဲ့ရာနှစ်ဦးသေပြီး တစ်ဦး ဒဏ်ရာ ပြင်းထန်
ကြောင်း သိရသည်။

"လူနာတွေအကုန်လုံးကတော့ ခန့်မှန်း အသက်၂၀ ဝန်းကျင်လောက်ရှိမယ်၊ယောင်္ကျားလေး ၂ ယောက်ထဲမှာ တစ်ယောက်က နေရာမှာပဲဆုံးသွားတယ်။ကျန်တဲ့ ယောင်္ကျားလေး တစ်ယောက်ကတော့ ၁၁ နာရီခွဲကျော်ကျော်လောက်မှာဆုံးသွားတယ်၊ကောင်မလေးကတော့ခွဲစိပ်ခန်းထဲဝင်နေတယ်။လက်ရှိအချိန်ထိကတော့ ဘာမှမသိရသေးဘူးလို့ပြောတယ်"ဟု သွားရောက် ကူညီခဲ့သူ တစ်ဦးက YMG ကို ပြောသည်။

 

ymg/ynzw
Yangon_Media_Group