#Local_News
Published_ 10 February 2023

 

ရှမ်းပြည်နယ်၊ ပန်လီကျေးရွာအနီးတွင် ကားချောက်ထဲထိုးကျတိမ်းမှောက်ခဲ့ပြီး လူ(၅)ဦးသေဆုံးကာ (၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်၊၊

 

ဖေဖော်ဝါရီ(၁၀)ရက် မနက် ၁၀ ၀၀ အချိန်ခန့်ကဖြစ်ပွားခဲ့တာဖြစ်ပြီးရှမ်းပြည်နယ်၊ ကျိုင်းတုံ-မိုင်းခွန်- မိုင်းဆတ်ကားလမ်း၊ မိုင်တိုင်အမှတ်(၁၄/၂)နှင့်(၁၄/၃) အကြား၊ ပန်လီကျေးရွာအနီးတွင် REVO အမျိုးအစား(အဖြူရောင်)ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ ပေ (၁၀၀၀) ခန့် အနက်ရှိ ချောက်ထဲသို့ ထိုးကျတိမ်းမှောက်မှုဖြစ်ပွားသည်ဟု ဖော်ပြထားသည်၊၊

 

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ကျား(၅)ဦးနှင့်မ(၇)ဦးစုစုပေါင်း(၁၂)ဦးအနက် ကျား (၂)ဦး၊ မ (၃)ဦး (သေဆုံး)၊ ကျား(၃)ဦး၊ မ(၄)ဦး ထိခိုက်ဒဏ်ရာရရှိသူများအား တိုင်းနေလူမှုကူညီမှုအသင်းမှယာဉ်များဖြင့် ကျိုင်းတုံဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟုဆိုသည်၊၊

 

အဆိုပါဖြစ်စဉ်အားကျိုင်းတုံခရိုင်/မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်၊၊

#ymg/tthl
#Yangon_Media_Group