#Local_News
Published_ 10 February 2023

 

(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် ဝန်ကြီးဌာန ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပြခန်းများ တိုင်းရင်းသားရိုးရာအစားအစာနှင့် ဒေသထွက်ကုန်ပစ္စည်းအရောင်းပြခန်းများ ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၁၀ ရက် (ယနေ့) နံနက် ၈နာရီခွဲက ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်တွင် ပြုလုပ်ခဲ့သည်။

 

ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများတက်ရောက်ခဲ့ပြီး နံနက် ၉နာရီမှ ညနေ ၅နာရီအထိ ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

 

ယင်းပြခန်းနှင့်ဈေးရောင်းပွဲတော်တွင် ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဧည့်ခံဖျော်ဖြေ မည်ဖြစ်ပြီး ဝန်ကြီးဌာနပြခန်း ၂၅ခန်း၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပြခန်း ၁၅ခန်း၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအနုပညာပြခန်း၊ ဝတ်စားဆင်ယင်မှုပြခန်း၊ ဒေသထွက်ကုန်ပစ္စည်းပြခန်း၊ တိုင်းရင်းသားရိုးရာအစားအစာပြခန်း ၁၅ ခန်း၊ စုစုပေါင်းပြခန်း ၁၅ခန်းပါဝင်ကြောင်း သိရသည်။

 

ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန် ၂၉ ဇုန်မှ ထုတ်လုပ်သည့်အိမ်သုံး ဆေးဝါး၊ တိုင်းရင်းဆေးများ၊ လူသုံးကုန်ပစ္စည်းများ၊ အလှကုန်ပစ္စည်းများ၊ စားသောက် ကုန်ပစ္စည်းများ၊ အီလက်ထရောနစ်ဆက်စပ်ပစ္စည်းများ၊ ဟိုတယ်နှင့်အိမ်သုံး၊ မီးဖိုချောင်နှင့် ဧည့်ခန်းသုံးပစ္စည်းများ ပြခန်း ၃၅၆ ခန်း ပါဝင်ကြောင်း သိရသည်။

#ymg/mt
#Yangon_Media_Group