#Local_News
Published_27 January 2023

 

ပြည်ထောင်စု တစ်ဝန်းလုံးစည်းရုံးမည့် ပါတီကြီးတွေအနေဖြင့် ပါတီရန်ပုံငွေ ကျပ်သိန်း ၁၀၀၀ ကို မြန်မာ့စီးပွားရေးဘဏ်တွင် ငွေစာရင်းဖွင့်ထားသည့် အထောက်အထားပြသရမည်ဖြစ်ကြောင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင် ပြဋ္ဌာန်းထားသည်။

 

ယင်းအပြင် ပြည်နယ်နှင့် တိုင်းဒေသကြီးတွင် အခြေစိုက်စည်းရုံးမည့် ပါတီတွေအနေဖြင့် ပါတီရန်ပုံငွေ ကျပ်သိန်း ၁၀၀ တို့ကို မြန်မာ့စီးပွားဘဏ်တစ်ခုခုတွင် ငွေစာရင်းဖွင့်လှစ်ထားပြီးဖြစ်သည်ဆိုသည့် အထောက်အထား လိုအပ်ကြောင်း သိရသည်။

 

အလားတူ ပြည်ထောင်စုအဆင့် နိုင်ငံရေးပါတီများအနေဖြင့် ပါတီမှတ်ပုံတင်ခွင့် ခွင့်ပြုသည့် ရက်မှစပြီး ရက်ပေါင်း ၁၈၀ အတွင်း တစ်နိုင်ငံလုံး၏ မြို့နယ်အားလုံးထက်ဝက်တွင် ပါတီရုံးခန်းဖွင့်လှစ်မည်ဆိုသည့် ဝန်ခံချက် ပြုလုပ်ရမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

 

တိုင်းနှင့် ပြည်နယ်အဆင့်ပါတီဆိုပါက စည်းရုံးမည့်ပါတီတွေအနေဖြင့် တိုင်းနှင့်ပြည်နယ်အသီးသီးတွင် ရက်ပေါင်း ၁၈၀ အတွင်း အနည်းဆုံး မြို့နယ် ၅ မြို့နယ်၌ ပါတီရုံးခန်းဖွင့်ရမည်ဆိုသည့် ဝန်ခံချက်ပြုရမည်ဖြစ်ကြောင်း ဥပဒေတွင် ဖော်ပြထားသည်။

 

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ် ၁၅/၂၀၂၃ အဖြစ် ဇန်နဝါရီလ ၂၆ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာထားခြင်း ဖြစ်သည်။

 

#ymg/sth
#Yangon_Media_Group