#Local_News
Published_ 20 January 2023

 

ထိုင်းနိုင်ငံ မဲ့ဆောက်နှင့်ရနောင်းတို့တွင် မြန်မာသုံးဦးကို မူးယစ်ဆေးဝါးများဖြင့် ဖမ်းမိခဲ့ကြောင်း ထိုင်းဒေသတွင်း သတင်းများအရ သိရသည်။

 

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၇ ရက်တွင် ထနွန်အင်ထောင်စီရီလမ်း မဲ့ဆောက်အငှါးအဆောင်တစ်ခု၌ အသက်၂၈ နှစ်အရွယ်နှင့် အသက်၁၈ နှစ်အရွယ် တရားမဝင်နေထိုင်သော မြန်မာဇနီးမောင်နှံနှင့် ရနောင်း ခရီးသည်တင် လိုင်းကားတစ်စီးပေါ် စီးနှင်းလိုင်ပါလာသည့် အသက် ၂၄ နှစ်အရွယ် မင်းထွေးဆိုသူတို့ထံမှ ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။

 

တရားမဝင် နေထိုင်သော မြန်မာဇနီးမောင်နှံတို့ကို စစ်ဆေးမေးမြန်းမှုပြုလုပ်ရာ မူးယစ်ဆေးဝါးသုံးစွဲသည့် သံသယတွေ့ရှိရပြီး လက်ကိုင်ဖုန်းတွင် မူးယစ်ဆေးဝါးနှင့် ဆက်နွယ်သော အဆက်သွယ်များ တွေ့ရှိရကြောင်း၊ ၎င်းနေထိုင်သော အခန်း၌လည်း ရာနှင့်ချီသော အိတ်ထုတ်များမှ မူးယစ်ဆေးအလုံးရေ ရှစ်သောင်းစစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း၊ ရနောင်းတွင်လည်း ခရီးသည်တင် လိုင်းကားတစ်စီးပေါ် စီးနှင်းလိုင်ပါလာသည့် အသက် ၂၄ နှစ်အရွယ် မင်းထွေးဆိုသူထံမှလည်း အိတ်များဖြင့် ထည့်ထားသော WY မူးယစ်ဆေးဝါး အလုံးရေ သုံးသောင်းကို စစ်ဆေးတွေ့ရှိရကြောင်း၊ ယင်းမှာဆန်းဦးဆိုသူထံမှ ပို့ဆောင်ခ ဘတ်နှစ်သောင်းရသည့်အတွက် တစ်ဖက်သို့ ပို့ဆောင်ပေးရန် ဆီဆိုင်တစ်ဆိုင်၌ ချိန်းဆိုထား၍ သွားရောက်ခြင်းဖြစ်ကြောင်း ဝန်ခံထွက်ဆိုထားကြောင်းလည်း သိရသည်။

 

#ymg/mt
#Yangon_Media_Group