#Local_News
Published_ 10 January 2023

 

ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ ဒုဌဝတီမြစ်အပါအဝင် မြန်မာနိုင်ငံရှိမြစ်တော်တော်များများတွင် မြစ်ရေနည်းခြင်းများဖြစ်ပေါ်လျက်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်၊၊

 

ဇန်နဝါရီလ(၁၀)ရက်ကထုတ်ပြန်သည့် နေ့စဉ်မြစ်ရေခန့်မှန်းချက်အရသိရခြင်းဖြစ်သည်၊၊

 

ဧရာဝတီမြစ်ရေသည် မန္တလေးစခန်းတွင်ရေနည်းစိုးရိမ်အမှတ် ရေနည်းသတိပေးချက်(၃၆၀)စင်တီမီတာအောက်(၂၇၈)စင်တီမီတာသို့ ရောက်ရှိနေပြီးနောက် (၂၄)နာရီအတွင်း (၂၇၅)စင်တီမီတာအထိ လျော့နည်းသွားနိုင်သည် ဟုဆိုသည်၊၊

 

မြစ်ရေလျော့နည်းခြင်းကြောင့် သင်္ဘောများ၊ စက်လှေများသောင်တင်ခြင်း၊ သောင်ဖြင့် တိုက်မိခြင်းနှင့်သွားလာရန်ခက်ခဲခြင်းများ ကြုံတွေ့နိုင်သဖြင့် သတိပြုသွားလာရန်လိုအပ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်၊၊

 

ဧရာဝတီမြစ်ရေသည် မန္တလေးစခန်းအပြင် စစ်ကိုင်း၊ မင်းဘူး၊ မကွေး၊ချောက်၊ ညောင်ဦးစခန်းများတွင်လည်း မြစ်ရေများနည်းနေပြီး ရေနည်းသတိပေးချက်နားနီးလာပြီဖြစ်သလို ချင်းတွင်းမြစ်ရေသည် မုံရွာစခန်းတွင်ရေနည်းသတိပေးချက်နားနီးလာပြီဖြစ်ကြောင်းနှင့် ကျန်မြစ်များတွင်လည်း မြစ်ရေနည်းပါးကျဆင်းလာကြောင်း သိရသည်၊၊

 

#ymg/tthl
#Yangon_Media_Group