#Local_News
Published_ 30 December 2022

 

၂၀၂၃ ခုနှစ် နှစ်သစ်ကို ကြိုဆိုသည့်အနေဖြင့် The Love Boat က ရန်ကုန်မြစ်တွင်း အခမဲ့ အပျော်စီးသင်္ဘောပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။

 

ဗိုလ်တထောင်ညဈေးတန်း ဆိပ်ခံဗောတံတားအမှတ် ၅ တွင် ရှိသော The Love Boat သို့ လာရောက် စားသုံးသူများအား အပျော်စီးသင်္ဘောဖြင့် ခမဲ့ပို့ဆောင်ပေးရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

 

ဒီဇင်ဘာလ ၃၁ ရက် ညနေ ၃ နာရီမှ ၆ နာရီ ထိ သင်္ဘောဖြင့် ခမဲ့ပို့ဆောင်ပေးကာ ဆိပ်ကမ်းသို့ ပြန်ကပ်၍ The Love Boat ပေါ်၌ပင် Countdown show ၊ အကအလှဖျော်ဖြေမှုများ၊ DJ Show နှင့် အခြား ပျော်ရွင်စရာအစီအစဉ်များကို ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

 

#ymg/mt
#Yangon_Media_Group