#Local_News
Published_ 19 December 2022

 

လူစီးယာဉ်တင်သွင်းလျှင် အနိမ့်ဆုံး၂၀၂၂ ခုနှစ်ထုတ်ယာဉ်ကို ခွင့်ပြုမှု ယခုနှစ်ကုန်တွင် စတင်မည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ယင်းထုတ်ပြန်ချက်တွင် ၂၀၂၃ ခုနှစ်အတွက် ပြည်ပမှမော်တော်ယာဉ်တင်သွင်းရာတွင် ထုတ်လုပ်သည့် ခုနှစ်ကိုလူစီးယာဉ်များအတွက် ၂၀၂၂ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိဖြစ်ပြီး လုပ်ငန်းသုံးယာဉ်များ ဖြစ်ကြသည့် ကုန်တင်ယာဉ်၊ ခရီးသည်တင်ယာဉ်များအတွက် ၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိဖြစ်ကြောင်း သိရသည်။

 

၎င်းအပြင် မီးသတ်ယာဉ်၊ လူနာတင်ယာဉ်များအတွက် ၂၀၁၄ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိနှင့် ယန္တရားယာဉ်များအတွက် ၂၀၁၄ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ဖြစ်ကြောင်းလည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

သို့သော်လည်း လက်ရှိ ၂၀၂၂ ခုနှစ် မကုန်မီ ဒီဇင်ဘာလ အတွင်း ကျန်ရှိသည့် အချိန်တွင် ၂၀၂၁ ခုနှစ်ထုတ် လူစီးယာဉ်များကို ခွင့်ပြုဦးမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အရာရှိတစ်ဦးက ပြောသည်။

 

#ymg/mt
#Yangon_Media_Group