#Local_News
Published_ 11 December 2022

 

မြန်မာနိုင်ငံ၌ ယာဥ်အစီးရေ ၇ ဒသမ ၂ သန်းကျော်ကို လိုင်စင်ထုတ်ပေးထားပြီး ဆယ်နှစ်ကျော် ကာလ၌ ယာဥ်အစီးရေ သုံးဆကျော်တိုးလာခဲ့ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ပြေားကြားထားပါတယ်။

 

ဒီဇင်ဘာ ၇ ရက်ကပြုလုပ်ခဲ့တဲ့ ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာနရဲ့ (၅၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား၌ ဝန်ကြီးက ပြောဆိုခဲ့တာပါ။

 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ညွှန်ကြားမှု ဦးစီးဌာနအနေဖြင့် မော်တော်ယာဥ်များ၊ ယာဥ်မောင်းလိုင်စင်များကို ပြဋ္ဌာန်းထားတဲ့ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စိစစ်မှတ်ပုံတင်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၁၁ ခုနှစ်မှစတင်ပြီး နိုင်ငံတော်က မော်တော်ယာဥ် တင်သွင်းမှုဆိုင်ရာမူဝါဒကို ဖြေလျှော့ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။ ထို့ကြောင့် အဆိုပါ ၂၀၁၁ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း မော်တော်ယာဥ် တင်သွင်းမှုများနှင့် ကားအရောင်းပြခန်းများလည်း များပြားလာခဲ့တာ ဖြစ်ပါတယ်။

 

၂၀၁၁ ခုနှစ်တွင် ယာဥ်စီးရေ ၂ ဒသမ ၃ သန်းကျော်သာ ရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်တွင် ယာဥ်အစီးရေ ၇ ဒသမ ၂ သန်းကျော်ထိ ဆယ်နှစ်ကျော်ကာလအတွင်း သုံးဆကျော် တိုးတက်လာခဲ့တာ ဖြစ်ပါတယ်။

 

ကညနအနေဖြင့် အဓိကလုပ်ငန်းများတွင် IT နည်းပညာအသုံပြုပြီး Computerized System ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့တဲ့အပြင် QR Code ဖတ်ရှုနိုင်တဲ့ Smart Card ယာဥ်မောင်းလိုင်စင်များ၊ ယာဥ်နံပါတ်ပြားများအဆင့်အထိ တိုးမြှင့်နိုင်ခဲ့တဲ့ အတွက် IT နည်းပညာသုံးဝန်ဆောင်မှုနှင့် e-Government ဖော်ဆောင်မှုတွင် နိုင်ငံတော်ရဲ့ မူဝါဒ၊ မျှော်မှန်းချက်နှင့်အညီ လိုက်နာအကေင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

 

ygm_mnn
#Yangon_Media_Group