#Local_News
Published _ 16 November 2022

 

ယခု နိုဝင်ဘာလအတွင်း ဂျပန်နိုင်ငံမှ မြန်မာလုပ်သား ၇၈၀ ကျော်ကို ထပ်မံခေါ်ယူသွားမည်ဟု တိုကျိုမြို့ရှိ မြန်မာသံရုံးရဲ့ ထုတ်ပြန်ချက်အရသိရှိရသည်။

 

မြန်မာလုပ်သား အမျိုးသား ၂၉၃ ဦး၊ အမျိုးသမီး ၄၉၅ ဦးနှင့် စုစုပေါင်း ၇၈၈ ဦး ဦးခေါ်ယူသွားရန် အလုပ်ကမ်းလှမ်းစာ ၂၂၄ စောင် ရရှိထားကြောင်း နိုဝင်ဘာလ ၁၅ရက်က ထုတ်ပြန်ထားရှိသည်။

 

မြန်မာလုပ်သားများကို တရားဝင်ခေါ်ယူရန်အတွက် ဂျပန်နိုင်ငံရှိ အလုပ်သမားကြီး ကြပ်ရေး ကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ၊ ကုမ္ပဏီများမှ ပေးပို့လာသော အလုပ်ကမ်းလှမ်းစာ ၂၂၄စောင် ရှိထားကြောင်း လည်း သိရှိရသည်။

 

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ မြန်မာသံရုံးအနေဖြင့် အလုပ်ကမ်းလှမ်းစာများကို စိစစ်၍ တွေ့ရှိချက်များနှင့် သဘောထားမှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့ထားကြောင်းလည်း ဆိုထားသည်။

 

ပြီးခဲ့သည့် အောက်တိုဘာလအတွင်း၌ ဂျပန်နိုင်ငံမှ မြန်မာလုပ်သား ၆၉၆ ဦး ခေါ်ယူရန် အလုပ်ကမ်းလှမ်းစာ ၁၈၀ ကိုလည်း ကမ်းလှမ်းခဲ့ကြောင်း အဆိုပါသံရုံး၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

 

#ymg/NN
#Yangon_Media_Group