Published 20 Oct 2022

မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်နှင့် နီပေါသံအမတ်ကြီးတွေဟာ သံအမတ်ခန့်အပ်လွှာတွေကို ယနေ့ အောက်တိုဘာ ၂၀ ရက်မနက်ပိုင်းမှာ နစက ဥက္ကဋ္ဌထံ သီးခြားစီပေးအပ်ခဲ့ကြတယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်နိုင်ငံသံအမတ်ကြီး အဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သည့် သံအမတ်ကြီး H.E. Mr. Uladzimir Baravikou နှင့်  မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီး အဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သည့် သံအမတ်ကြီး H.E. Mr. Harishchandra Ghimireတို့ဟာ ဒီကနေ့ အောက်တိုဘာ ၂၀ ရက် မနက်၁၀ နာရီနှင့် ၁၀ နာရီ ၄၅ မိနစ်တို့မှာ  နေပြည်တော်၊နစက ဥက္ကဋ္ဌရုံး သံတမန်ဆောင်ခန်းမ၌ သံအမတ် ခန့်အပ်လွှာတွေကို နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်ထံ ပေးအပ်ခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်။

အဆိုပါပွဲများအတွင်း ဘယ်လာရုစ်သံအမတ်ကြီးနှင့် ချစ်ကြည်ရေးခရီးစဉ်တွေ အပြန်အလှန်သွားရောက်ရေး၊ကုန်သွယ်မှု တိုးမြှင့်ရေး၊ သိပ္ပံနှင့်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးနှင့် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးတွေကို ဆွေးနွေးခဲ့ကြပါတယ်။

အလားတူ နီပေါသံအမတ်ကြီးနှင့်လည်း စီးပွားရေးနှင့်ကုန်သွယ်မှုတိုးမြှင့်ဆောင်ရွက်ရေး၊ ခရီးသွားလုပ်ငန်းများ တိုးမြှင့် ဆောင်ရွေက်ရေးတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

-ymg/knl

#Yangon_Media_Group

#Myanmar_Diplomacy