#Local_News
Published_ 20 October 2022

 

အဏုမြူရောင်ခြည်နည်းပညာဖြင့် ရောဂါရှာဖွေကုသရေးပညာရပ်များလေ့လာနိုင်ရန်မြန်မာနိုင်ငံကကာကွယ်ရေးဝန်ကြီးဌာနနှင့်ကျန်းမာရေးဝန်ကြီး ဌာနတို့မှအထူးကုဆရာဝန်ကြီး(၅)ဦးသည်ရုရှားနိုင်ငံသို့သွားရောက်ကြကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှသိရသည်၊၊

 

အဆိုပါအဖွဲ့သည် မြန်မာနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့အနေဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ The Republic of Buryatia, Ulan-Ude တွင် ကျင်းပပြုလုပ်မည့် ပထမအကြိမ်အပြည်ပြည်ဆိုင်ရာ အရှေ့ဖျားသိပ္ပံနှင့် အဏုမြူရောင်ခြည်နည်းပညာဖြင့် ရောဂါ ရှာဖွေကုသရေး လက်တွေ့လေ့ကျင့်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ကြမည်ဖြစ်ပြီး အောက် တိုဘာလ(၁၈)ရက်တွင် ရုရှားနိုင်ငံသို့ စတင်သွားရောက်ကြပြီဖြစ်သည်၊၊

 

အဆိုပါဆွေးနွေးပွဲသည် နိုင်ငံတော်ဝန်ကြီးချုပ်၏ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ အလုပ်သဘောခရီးစဉ်အတွင်း တွေ့ဆုံဆွေးနွေးမှုအရ ဖိတ်ကြားလာခြင်းဖြစ်ပြီး မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများမှ အထူးကုဆရာဝန်များတက်ရောက်၍ အဏုမြူရောင်ခြည်နည်းပညာဖြင့် ရောဂါ ရှာဖွေကုသရေးပညာရပ်များကို ညှိနှိုင်းဆွေးနွေးကြမည့်အပြင် နိုင်ငံတကာမှပညာရှင်များနှင့် အတွေ့အကြုံများဖလှယ်မည်ဖြစ်ပါသဖြင့် မိမိနိုင်ငံအတွင်း အဏုမြူရောင်ခြည်နည်းပညာ ဖြင့် ကင်ဆာရောဂါရှာဖွေကုသရေးဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းအတွက် အထောက် အကူများစွာရရှိနိုင်ပြီး နိုင်ငံတကာမှ အတွေ့အကြုံကောင်းများ ပြန်လည်မျှဝေပေးနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်၊၊

 

#ymg/tthl
#Yangon_Media_Group