#LocalNews
Published _ 20 october 2022

 

မွန်ပြည်နယ်၊ သထုံမြို့နယ် ကွင်းစပ် ကွက်သစ်ပိုင်းတွင် သုံးလသား အရွယ်ရှိ ကလေးငယ်တစ်ဦး နို့အဆိပ်သင့်၍ သေဆုံးသွားကြောင်း ပီတိနှလုံးသား နာရေးကူညီမှုအသင်းထံမှ သိရှိရသည်။

 

"ကျွန်တော့်မှာတော့ ဟိုဆေးရုံပြေးလိုက် ဒီဘက်ဆေးရုံပြေးလိုက်နဲ့အခုတော့ သမီးလေးသေဆုံးသွားပြန်ပြီဗျာ၊ ခလေးတွေပဲ သေဆုံးနေတာကို အများပြားတွေ့နေရတာစိတ်မကောင်းဖြစ်မိတယ်ဗျာ"လို့ ပီတိနှလုံးသား နာရေးကူညီမှုအသင်း၏ တာဝန်ရှိသူက ဆိုသည်။

 

အဆိုပါ နို့အဆိပ်သင့်ခဲ့သည့် မပွင့်ဖူးလို့ အမည်ရတဲ့ ကလေးငယ်ကို အသင်းပိုင်ယာဉ်ဖြင့် လိုအပ်သည့် ဆေးဝါးကုသမှုခံယူစေနိုင်ရန် ပီတိနှလုံးသားအသင်း(နောင်ဘို)ပရဟိတလူငယ်များမှ သိမ်ဆိပ်ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြကြောင်းလည်း သိရှိရသည်။

 

ဆေးရုံတွင် နို့အဆိပ်သင့် သမီးငယ်မှာ(တက်) နေသည့်အတွက် လွှဲစာနှင့်အတူ သထုံပြည်သူ့ဆေးရုံကြီးသို့ ထပ်မံကူညီပို့ဆောင်ပေးခဲ့ပြီးနောက် ယနေ့ အောက်တိုဘာလ ၂၀ရက် နံနက် ၁၀နာရီခွဲအချိန်ခန့်တွင် ဆုံးပါးသွားခဲ့ကြောင်း သိရှိရသည်။

 

Photo - ပီတိနှလုံးသား လူမှုကူညီကယ်ဆယ်ရေးအသင်း

#ymg/NN
#Yangon_Media_Group