#LocalNews
Published_9 October 2022

 

တရားရုံးအမိန့်ဖြင့် စာရင်းရှင်းဖျက်သိမ်းနေသည့် အာရှရန်ကုန်ဘဏ်တွင် အပ်နှံထားသည့်ငွေတွေကို အမြန်ဆုံးပြန်လည်ထုတ်ယူနိုင်ပြီဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာမှတစ်ဆင့်ကြေညာထားသည်။

 

ဘဏ်ကို စာရင်းရှင်းလင်းဖျက်သိမ်းမည်ဖြစ်သည့်အတွက် အာရှရန်ကုန်ဘဏ်တွင် အပ်နှံထားသော ငွေတွေနှင့်စပ်လျဉ်း၍ ခိုင်လုံသည့် သက်သေအထောက်အထားများနှင့်တကွ တင်ပြရန် ဘဏ်၏ စာရင်ရှင်းလင်းဖျက်သိမ်းရေးအရာရှိက အောက်တိုဘာလ ၇ ရက်ထုတ် နိုင်ငံပိုင်သတင်းစာကနေ ကြေညာထားခြင်းဖြစ်သည်။

 

အာရှရန်ကုန်ဘဏ်ကို ပြီးခဲ့သည့် ၂၀၂၀ မတ်လအတွင်း၌ ဗဟိုဘဏ်က ဘဏ်လုပ်ငန်းလိုင်စင် ရုပ်သိမ်းခဲ့ပြီးဖြစ်ကြောင်း၊ လက်ရှိတွင် ဘဏ်ကို စာရင်းရှင်းလင်းဖျက်သိမ်းပေးဖို့အတွက် ဗဟိုဘဏ်က ရန်ကုန်တိုင်းတရားလွှတ်တော်ကို လျှောက်ထားခဲ့ပြီး တရားရုံးကလည်း စာရင်းရှင်းလင်းဖျက်သိမ်းရန် ပြီးခဲ့သည့်ဖေဖော်ဝါရီလက ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

လက်ရှိတွင် အဆိုပါဘဏ်နှင့် ပတ်သက်၍ ကြွေးမြီရှင်တွေအနေဖြင့် ခိုင်လုံသည့် သက်သေအထောက်အထားတွေနှင့် တောင်းဆိုချက်တွေကိုတင်ပြရန် ဗဟိုဘဏ်၏ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိက သတင်းထုတ်ပြန်ခဲ့သည်။

 

အာရှရန်ကုန်ဘဏ်ကို ၁၉၉၄ ခုနှစ်တွင် ဖွင့်လှစ်ထားသည့် ဘဏ်တစ်ခုဖြစ်ပြီး ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့အပြင် ဘဏ်ခွဲပေါင်း ၁၃ ခုရှိကြောင်းသိရသည်။

 

#ymg/sth
#Yangon_Media_Group