#LocalNews
Published _24 September 2022

 

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်တွင် ရွှေဆွဲကြိုးလုယက်ကာ ၊လူသတ်ခဲ့သူ အမျိုးသားကို စက်တင်ဘာ ၂၃ ရက်က သေဒဏ်အမိန့်ချမှတ်ခဲ့ကြောင်းသိရသည်။

 

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်က ပုသိမ်မြို့၌ နေအိမ်အတွင်းဝင်ရောက်ကာ ရွှေဆွဲကြိုးလုယက်ကာ လူကိုပါသတ်ခဲ့သူဟု ယူဆရသူ အောင်ဇော်ရဲ(ခ)ဇင်ဖြိုးအောင်ကို ရာဇသတ်ကြီးပုဒ်မ ၃၉၂/၃၂၀(၁)(ဂ) များဖြင့် သေဒဏ်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်‌ကြောင်း တရားရုံးနှင့်နီးစပ်သည့်အသိုင်းအဝိုင်းက သိရသည်။

ရွှေဆွဲကြိုးလုယက်ခံရပြီး အသတ်ခံခဲ့ရသူမှာ ဒေါ်ဌေးဌေး(ခ)ဒေါ်ဌေးကြည်ဆိုသူဖြစ်ပြီး ဦးခေါင်းရိုက်နှက်ခံရဒဏ်ရာဖြင့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်၊အခင်းဖြစ်ပြီး သုံးရက်အကြာတွင် သေဆုံးခဲ့ခြင်းဖြစ်သည်။

 

ymg/mt

#Yangon_Media_Group