#Local_News
Published_ 24 September 2022

 

မြန်မာနိုင်ငံရှိပုဂ္ဂလိက ဆေးဝါးစက်ရုံမှပထမဆုံးထုတ်လုပ်ခဲ့သည့် PACLOVID ကိုဗစ်ကုသဆေးအပြင် ဈေးနှုန်းသက်သာသည့် MOLNUPAC 200 နှင့် MOLNUPAC 400 ကိုဗစ်ကုသဆေးများကို ထပ်မံထုတ်လုပ်လိုက်ကြောင်း သိရသည်၊၊

 

အဆိုပါ ဆေးဝါးများကို ထုတ်လုပ်သော Pacific Medical Industries Ltd ဆေးဝါးစက်ရုံ၏ ထုတ်ပြန်ချက်များအရ သိရခြင်းဖြစ်သည်၊၊

 

PACLOVID ဆေးတစ်ဘူး (၁၀လုံးကဒ် ၃ကဒ်) လျှင် ၂၅၀,၀၀၀ ကျပ်သတ်မှတ်ထားပြီး ယခု အသစ်ထုတ်လုပ်လိုက်သည့် MOLNUPAC 200 နှင့် MOLNUPAC 400 ကိုဗစ်ကုသဆေးများကိုတော့
ဆေးဘူးတစ်ဘူးလျှင် လေးသောင်းခွဲ (၄၅,၀၀၀) ကျပ် ဖြင့်စျေးနှုန်းချိုသာစွာ ရောင်းချပေးမည်ဟု ဖော်ပြထားသည်၊၊

 

ယင်းကိုဗစ်ကုသဆေးများကို ဆရာဝန်ဆေးညွှန်းစာ ပြသပြီးဝယ်ယူရမည်ဖြစ်ကြောင်းနှင့် ဆေးရုံဆေးခန်းမှ ဆေးအမှာစာများပေးပို၍ ဝယ်ယူနိုင်ပြီဖြစ်ကြောင်း၊ ဝယ်ယူအသုံးပြုရမည့် ကိုဗစ်ကုသဆေး အမျိုးအစားများကို ဆရာဝန်များက ရွေးချယ်ပေးမည်ဖြစ်ပြီး ဆရာဝန်ဆေးညွှန်းစာအတိုင်း ရောင်းချပေး သွားမည်ဖြစ်ကြောင်း ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ ကထုတ်ပြန်ထားသည်၊၊

 

#ymg/tthl
#Yangon_Media_Group