#Local_News
Published -19 Sept 2022

 

၂၀၂၂ခုနှစ်အဖွဲ့ချုပ် ဥက္ကဌဖလား ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲကို စက်တင်ဘာလ ၁၈ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိမြန်မာကွန်ဗင်းရှင်းစင်တာ(MCC) ခန်းမ၌ ကျင်းပခဲ့သည်။

 

ပြိုင်ပွဲတွင် အမျိုးသားအသက် (၂၁)နှစ်နှင့် အောက်အငယ်တန်းကာယဗလမောင်ပြိုင်ပွဲ ၅၅၊ ၆၀၊ ၆၅၊ ၇၀၊ ၇၅၊ ၈၀နှင့် ၈၀ အထက်ကီလိုတန်း ကာယဗလမောင်ပြိုင်ပွဲများ၊ အမျိုးသား Athletic Physique ပြိုင်ပွဲ၊အမျိုးသမီး Athletic Physique ပြိုင်ပွဲ၊အမျိုးသမီး Model Physique (၁၆၀စင်တီမီတာ) ပြိုင်ပွဲ၊ အမျိုးသမီး Model Physique (၁၆၀ စင်တီမီတာ)နှင့်အထက်ပြိုင်ပွဲ၊ အမျိုးသား Sports Physique (၁၇၀ စင်တင်မီတာ) ပြိုင်ပွဲ၊ အမျိုးသား Sports Physique (၁၇၀ စင်တီမီတာ)နှင့်အထက်ပြိုင်ပွဲ၊ အမျိုးသမီး Fitness Physique ပြိုင်ပွဲများကိုကျင်းပခဲ့ကြသည်။

 

ပြိုင်ပွဲအတွင်း အမျိုးသား(၂၁)နှစ်နှင့်အောက်အငယ်တန်း ကာယဗလပြိုင်ပွဲနှင့် ၅၅ ကီလိုတန်းပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယနှင့်နှစ်သိမ့်ဆု၊ ၆၀၊ ၆၅ ကီလိုတန်းပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယနှင့်နှစ်သိမ့်ဆု၊ ၇၀၊ ၇၅ ကီလိုတန်းပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊တတိယနှင့် နှစ်သိမ့်ဆု၊ ၈၀ နှင့် ၈၀ အထက်ကီလိုတန်းပြိုင်ပွဲတွင်ပထမ၊ ဒုတိယ၊ တတိယနှင့်နှစ်သိမ့်ဆု၊ အမျိုးသား အမျိုးသမီး Athletic Physique ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယနှင့်နှစ်သိမ့်ဆု ၊ အမျိုးသမီး Model Physique(၁၆၀စင်တီမီတာ)ပြိုင်ပွဲတွင် ပထမ၊ဒုတိယ၊ တတိယနှင့်နှစ်သိမ့်ဆု၊ အမျိုးသမီး Model Physique (၁၆၀စင်တီမီတာ)နှင့် အထက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့်နှစ်သိမ့်ဆု ၊ အမျိုးသား Sports Physique(၁၇၀စင်တီမီ တာ)ပြိုင်ပွဲတွင် ပထမ၊ဒုတိယ၊ တတိယနှင့်နှစ်သိမ့်ဆု၊ အမျိုးသား Sports Physique( ၁၇၀စင်တီမီတာ)နှင့်အထက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့်နှစ်သိမ့်ဆု ၊ အမျိုးသမီး Fitness Physique ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့်နှစ်သိမ့်ဆုတို့အတွက် ရွေးချယ်၍ ဆုချီးမြှင့်ခဲ့ကြခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ်က သိရသည်။

 

Photo-YCDC
#ymg/mt
#Yangon_Media_Group