#LocalNews
Published -18 Sept 2022

 

မြန်မာနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် အကောင်းဆုံးကုမ္ပဏီအဖြစ် 𝗗𝗲𝗹𝗼𝗶𝘁𝘁𝗲 ကုမ္ပဏီနှင့် 𝗝𝗼𝗯𝗡𝗲𝘁.𝗰𝗼𝗺 တို့က ၂၀၂၂ ခုနှစ်အတွက် လွတ်လပ်စွာ အကဲဖြတ်ခဲ့သည့် 𝐁𝐂𝐈𝐌 𝐀𝐰𝐚𝐫𝐝 (𝘽𝙚𝙨𝙩 𝘾𝙤𝙢𝙥𝙖𝙣𝙞𝙚𝙨 𝙩𝙤 𝙒𝙤𝙧𝙠 𝙞𝙣 𝙈𝙮𝙖𝙣𝙢𝙖𝙧) ဆုကို မြန်မာနိုင်ငံသားပိုင် နည်းပညာအထူးပြုကုမ္ပဏီ 𝗚𝗹𝗼𝗯𝗮𝗹 𝗧𝗲𝗰𝗵𝗻𝗼𝗹𝗼𝗴𝘆 က ရရှိခဲ့ကြောင်း 𝗝𝗼𝗯𝗡𝗲𝘁.𝗰𝗼𝗺 ၏ ဖော်ပြချက်အရ သိရသည်။

 

အဆိုပါ 𝙏𝙝𝙚 𝘽𝙚𝙨𝙩 𝘾𝙤𝙢𝙥𝙖𝙣𝙮 𝙩𝙤 𝙒𝙤𝙧𝙠 𝙞𝙣 𝙈𝙮𝙖𝙣𝙢𝙖𝙧 (𝘽𝘾𝙄𝙈) အစီအစဉ်ကို အလုပ်အကိုင်အခွင့်အလမ်းများပေါင်းများစွာကို ရှာဖွေပေးနေသည့် 𝗝𝗼𝗯𝗡𝗲𝘁.𝗰𝗼𝗺.𝗺𝗺 အနေဖြင့် C𝗮𝗺𝗽𝗮𝗶𝗴𝗻 𝗣𝗹𝗮𝘁𝗳𝗼𝗿𝗺 အဖြစ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာနှစ်စဉ် ချီးမြှင့်နေကျဖြစ်ကြောင်းလည်း သိရသည်။

 

ယခု ၂၀၂၂ ခုနှစ်တွင် ယင်းဆုအတွက် ပါဝင်ယှဉ်ပြိုင်သောကုမ္ပဏီကြီးများအနေဖြင့် မေးခွန်းပေါင်း (၇၀) ပါဝင်သော 𝗔𝗻𝗼𝗻𝘆𝗺𝗼𝘂𝘀 𝗢𝗻𝗹𝗶𝗻𝗲 𝗘𝗺𝗽𝗹𝗼𝘆𝗲𝗲 𝗦𝘂𝗿𝘃𝗲𝘆 (ဝန်ထမ်းများမှ ဖြေဆိုသော လျှို့ဝှက်အွန်လိုင်းစစ်တမ်း) မေးမြန်းစစ်ဆေးခြင်းကို ခံခဲ့ရပြီး ရလာဒ်များကို 𝗗𝗲𝗹𝗼𝗶𝘁𝘁𝗲 ကုမ္ပဏီက စစ်ဆေးပေးခဲ့ခြင်းဖြစ်ကာ 𝗢𝗳𝗳𝗶𝗰𝗶𝗮𝗹 𝗖𝗵𝗮𝗺𝗯𝗲𝗿 𝗣𝗮𝗿𝘁𝗻𝗲𝗿 အနေဖြင့် 𝗕𝗿𝗶𝘁𝗶𝘀𝗵 𝗖𝗵𝗮𝗺𝗯𝗲𝗿 𝗼𝗳 𝗖𝗼𝗺𝗺𝗲𝗿𝗰𝗲 𝗠𝘆𝗮𝗻𝗺𝗮𝗿 (ဗြိတိန်ကုန်သည်ကြီးများအသင်း) ၊𝗢𝗳𝗳𝗶𝗰𝗶𝗮𝗹 𝗠𝗲𝗱𝗶𝗮 𝗣𝗮𝗿𝘁𝗻𝗲𝗿 အနေဖြင့် 𝗖𝗘𝗢 𝗠𝗮𝗴𝗮𝘇𝗶𝗻𝗲 ၊ 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗕𝘂𝘀𝗶𝗻𝗲𝘀𝘀 𝗧𝗼𝗱𝗮𝘆 ၊ 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗜𝗻𝘀𝗶𝗱𝗲𝗿 တို့က ပါဝင်ခဲ့ကြောင်းလည်း သိရသည်။

 

အဆိုပါ 𝗕𝗖𝗜𝗠 𝗦𝘂𝗿𝘃𝗲𝘆 ကို (၁) 𝗖𝗼𝗺𝗽𝗮𝗻𝘆 𝗣𝘂𝗿𝗽𝗼𝘀𝗲 𝗮𝗻𝗱 𝗦𝘁𝗿𝗮𝘁𝗲𝗴𝗶𝗰 𝗔𝗹𝗶𝗴𝗻𝗺𝗲𝗻𝘁 (၂) 𝗠𝗮𝗻𝗮𝗴𝗲𝗺𝗲𝗻𝘁 𝗮𝗻𝗱 𝗟𝗲𝗮𝗱𝗲𝗿𝘀𝗵𝗶𝗽 (၃) 𝗠𝘆 𝗪𝗼𝗿𝗸 (၄) 𝗖𝗼𝗺𝗺𝘂𝗻𝗶𝗰𝗮𝘁𝗶𝗼𝗻 𝗮𝗻𝗱 𝗧𝗲𝗮𝗺𝘄𝗼𝗿𝗸 (၅) 𝗣𝗲𝗿𝘀𝗼𝗻𝗮𝗹 𝗚𝗿𝗼𝘄𝘁𝗵 𝗮𝗻𝗱 𝗗𝗲𝘃𝗲𝗹𝗼𝗽𝗺𝗲𝗻𝘁 𝗢𝗽𝗽𝗼𝗿𝘁𝘂𝗻𝗶𝘁𝗶𝗲𝘀 (၆) 𝗥𝗲𝗰𝗼𝗴𝗻𝗶𝘁𝗶𝗼𝗻, 𝗥𝗲𝘄𝗮𝗿𝗱 𝗮𝗻𝗱 𝗕𝗲𝗻𝗲𝗳𝗶𝘁𝘀 (၇) 𝗪𝗼𝗿𝗸 𝗘𝗻𝘃𝗶𝗿𝗼𝗻𝗺𝗲𝗻𝘁 ဟူသော အချက်အလက်ပေါင်း (၇) ချက်အပေါ် မူတည်တိုင်းတာခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ဆုရွေးချယ်ရခြင်း၏ ရည်ရွယ်ချက်မှာ ဆုရရှိသည့် ကုမ္ပဏီများအနေဖြင့် စံသတ်မှတ်ချက်တစ်ခုကို ဈေးကွက်တွင် ပြသနိုင်မည့်အပြင် နောင်လာမည့် အခွင့်အလမ်းသစ်များ၊ ကုမ္ပဏီနှင့် ၎င်းတို့၏ ဝန်ထမ်းများအကြား 𝗘𝗺𝗽𝗹𝗼𝘆𝗲𝗲 𝗘𝗻𝗴𝗮𝗴𝗲𝗺𝗲𝗻𝘁 နှင့် စိတ်ကျေနပ်စေမှုများ တိုးပွားလာစေရန် ဖြစ်ကြောင်းလည်း သိရသည်။

 

𝗚𝗹𝗼𝗯𝗮𝗹 𝗧𝗲𝗰𝗵𝗻𝗼𝗹𝗼𝗴𝘆 𝗚𝗿𝗼𝘂𝗽 မှာ မြန်မာ့အမြန်ဆုံးအင်တာနက်ဆုရကုမ္ပဏီတစ်ခုဖြစ်ပြီး ဆက်သွယ်ရေးကဏ္ဍရှိ 𝗧𝗲𝗹𝗲𝗰𝗼𝗺, 𝗠𝗲𝗱𝗶𝗮, 𝗧𝗲𝗰𝗵𝗻𝗼𝗹𝗼𝗴𝘆 (𝗧𝗠𝗧) စသည့် ဝန်ဆောင်မှုလုပ်ငန်းများကို ၂၀၀၂ ခုနှစ်မှ စတင်၍ နည်းပညာအဖွဲအစည်းအဖြစ် စတင်ဆောင်ရွက်ခဲ့သည် ကုမ္ပဏီအုပ်စုဖြစ်ကြောင်း၊ယခုအခါ အင်တာနက်နှင့် ဆက်သွယ်ရေးနည်းပညာကဏ္ဍ၌ 𝗠𝗮𝗿𝗸𝗲𝘁 𝗟𝗲𝗮𝗱𝗲𝗿 (ဈေးကွက်ဦးဆောင်သူ) တစ်ဦးအဖြစ် Broadband Internet နှင့် Telecommunications Infrastructure၊ Digital Infrastructure လုပ်ငန်းများကို နိုင်ငံပေါင်း (၄) နိုင်ငံတွင် ရုံးခန်း (၁၁) ခု ဖွင့်လှစ်ကာ ဝန်ဆောင်မှုပေးလျက်ရှိကြောင်း၊ကုမ္ပဏီအုပ်စုအနေဖြင့် စီးပွားရေးလုပ်ငန်းများသို ICT နည်းပညာများဖြစ်သည့် မိုဘိုင်းအသံနှင့် ဒေတာဆိုင်ရာ Infrastructure များ၊ Cloud Computing ဝန်ဆောင်မှုများ၊ အိုင်တီဝန်ဆောင်မှုများနှင့် နည်းပညာအကြံပေးခြင်းစသည့် လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်နေသည့် ကုမ္ပဏီလည်းဖြစ်ကြောင်း၊ထိုအပြင် ကုမ္ပဏီအနေဖြင့် နိုင်ငံအနှံအပြား၌ Digital စီးပွားရေးစနစ်ဖြစ်ပေါ်လာစေရန် ရှေ့တန်းတင် အားထုတ်ဆောင်ရွက်လျက်ရှိပြီး ကုမ္ပဏီ၏ အခြေခံအဆောက်အအုံ - Infrastructure တစ်ခုလုံး၌ Infrastructure As a Service, Platform As a Service အပြင် Software As a Service ဝန်ဆောင်မှုများပါ ပြုလုပ်ပေးလျက်ရှိကြောင်းလည်း သိရသည်။

 

"BCIM Award ကို ရရှိလိုက်ခြင်းဟာ ကျွန်တော်တို့ ကုမ္ပဏီအတွက် ပျော်ရွှင်ဖွယ်ကောင်းပြီး ခင်မင်ရင်းနှီးမှုများဖြင့် လှိုက်လှိုက်လှဲလှဲရှိတဲ့ လုပ်ငန်းခွင်တစ်ခုဖြစ်တယ်ဆိုတာကို ပေါ်လွင်စေပါတယ်။ ဝန်ထမ်းတွေအချင်းချင်းဆိုရင်လည်း တစ်ဦးနဲ့ တစ်ဦး မျှဝေခြင်း၊ ဂရုစိုက်ခြင်း၊ အခက်အခဲတွေရှိလာခဲ့ရင်လည်း ကြံ့ကြံ့ခံနိုင်ခြင်းစတာတွေကို ထင်ဟပ်စေနိုင်မှာဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ ကုမ္ပဏီရဲ့ 𝗜𝗻𝗻𝗼𝘃𝗮𝘁𝗶𝘃𝗲, 𝗟𝗲𝗮𝗿𝗻𝗶𝗻𝗴 𝗮𝗻𝗱 𝗔𝗴𝗶𝗹𝗶𝘁𝘆 𝗖𝘂𝗹𝘁𝘂𝗿𝗲 ကိုလည်း ထင်ဟပ်စေပါတယ်" ဟု 𝗚𝗹𝗼𝗯𝗮𝗹 𝗧𝗲𝗰𝗵𝗻𝗼𝗹𝗼𝗴𝘆 𝗚𝗿𝗼𝘂𝗽 ၏ အုပ်ချုပ်မှုဒါရိုက်တာဖြစ်သူ ဦးမင်းဆွေလှိုင်ကဆိုသည်။

 

မြန်မာကုမ္ပဏီတစ်ခုနေဖြင့် ရှေ့တန်းရောက်ရှိရန် ကြိုးပမ်းဆောင်ရွက်နေသည့်အဖွဲ့အစည်းတစ်ခုဖြစ်သည့်အပြင်ပြည်တွင်း၌ ကျယ်ပြန့်သော ဒေတာကွန်ရက်များနှင့် Infrastructure - အခြေခံအဆောက်အအုံများအတွက် အထောက်အကူပြုပေးလျက်ရှိကြောင်းလည်း သိရှိရသည်။

 

"BCIM Award ဟာ ၂၀၂၂ ခုနှစ်အတွက် ကျွန်တော်တို ကုမ္ပဏီရဲ့ Milestones တစ်ခုပဲဖြစ်ပါတယ်။ တိုးတက်မှုတွေကို စဉ်ဆက်မပြတ်ရှာဖွေစေခြင်း၊ ဝန်ထမ်းများကို တိုးတက်စေနိုင်ရန် အခွင့်အလမ်းများ ဖန်တီးပေးတာမျိုးအပြင် အခုလို 𝗩𝗨𝗖𝗔 𝗪𝗼𝗿𝗹𝗱 (𝗩𝗼𝗹𝗮𝘁𝗶𝗹𝗶𝘁𝘆, 𝗨𝗻𝗰𝗲𝗿𝘁𝗮𝗶𝗻𝘁𝘆, 𝗖𝗼𝗺𝗽𝗹𝗲𝘅𝗶𝘁𝘆, 𝗔𝗺𝗯𝗶𝗴𝘂𝗶𝘁𝘆 - 𝘄𝗼𝗿𝗹𝗱) မှာ Job Security ပေးစွမ်းနိုင်မှုအစရှိတာတွေဟာ ကုမ္ပဏီအနေနဲ့ လူမှုအသိုင်းအဝန်းကို ပေးအပ်တဲ့ ကတိကဝတ် - Commitment တစ်ခုပဲဖြစ်ပါတယ် " ဟု ကုမ္ပဏီ၏ ဥက္ကဌဖြစ်သူ ဦးရှိန်းသူအောင်က ပြောသည်။

 

Business Continuity နှင့် Sustainability အပေါ် တန်ဖိုးထားကာ အများအားထားရသော Internet Service Provider ၊ Digital Player ကုမ္ပဏီတစ်ခုအနေဖြင့် GTG - Global Technology Group လူနေမှုအသိုင်းအဝန်းရှိ စီးပွားရေးလုပ်ငန်းများဆက်လက်ရပ်တည်နိုင်စေရန် ကုမ္ပဏီရှိ ဝန်ထမ်းများအား ပိုမိုထက်မြက်လာစေရန် လုပ်ဆောင်လျက်ရှိကြောင်းလည်း 𝗚𝗹𝗼𝗯𝗮𝗹 𝗧𝗲𝗰𝗵𝗻𝗼𝗹𝗼𝗴𝘆 ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးသိန်းသန်းတိုးကပြောသည်။

 

ymg/mt
#Yangon_Media_group