#Local_News
Published _ 15 September 2022

 

မြန်မာ့မီးရထားမှ ပြေးဆွဲနေသည့် ရထားခရီးစဉ်များထဲမှ ကြိုတင်လက်မှတ်များကို မှတ်ပုံတင်မူရင်းပြသပြီးမှ ဝယ်ယူရရှိမှာဖြစ်ကြောင်း ရန်ကုန်ဘူတာကြီး မှသိရသည်။

 

ကြိုတင်ရထားလက်မှတ်တွေကို ရန်ကုန်မြို့၊ ဗိုလ်ချုပ်လမ်းက ရန်ကုန်ဘူတာကြီး ကြိုတင်လက်မှတ်ရုံမှာ နေ့စဉ် မနက် ၈ နာရီမှ မွန်းတည့် ၁၂ နာရီအတွင်း ရောင်းချပေးနေပြီး ထိုခရီးစဉ်များထဲမှ ကြိုတင်လက် မှတ်များကို မှတ်ပုံတင်မူရင်းပြသပြီးမှသာ ဝယ်ယူနိုင်မည်ဟု ရန်ကုန်ဘူတာကြီးရဲ့ ရုံပိုင်ချုပ်ကြီး ဦးသောင်းထိုက်က YMG ကို ပြောကြားခဲ့သည်။

 

"ကြိုတင်ရထား လက်မှတ်ဝယ်ယူရင် အရင်ကလို မှတ်ပုံတင်မူရင်း ပြသပြီး ဝယ်ယူရမှာဖြစ်ပြီး ရပ်ကွက် ထောက်ခံစာ အိမ်ထောင်စုစာရင်းတွေနဲ့ ဝယ်ယူခွင့်ပြုမှာ မဟုတ်တော့ပါဘူး၊ ဒီဟာစနေတာကြာပါပြီ လူသိနည်းနေသေးတာပါ" ဟု ရုံပိုင်ချုပ်ကြီးက ဆိုသည်။

 

လက်ရှိမှာ ကြိုတင်လက်မှတ်တွေကို အမြန်ရထားခရီးစဉ်အားလုံးအတွက် ဝယ်ယူနိုင်ကြောင်းလည်း ၎င်းကဆက်ပြောသည်။

 

လတ်တလောတွင် ရန်ကုန်မြို့တွင်း မြို့ပတ်ရထား (၇) စင်းနှင့် နယ်ဝေး အမြန်ရထားတွေကို ပုံမှန်ပြေးဆွဲပေးနေပြီး နေ့စဉ်ခရီးသည်ထောင်ချီ စီးနင်းနေလျှက်ရှိကြောင်းလည်း ယင်းမှသိရသည်။

 

#ymg /NN
#Yangon_Media_Group