#LocalNews
Published 11 September 2022

 

၂၀၂၃ အာရှ ယူ-၂၀ ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲစဉ် (2023 AFC U-20 Asian Cup Qualification) ပြိုင်ပွဲ အုပ်စု(က) ပွဲစဉ်အဖြစ် မြန်မာ ယူ -၂၀ အသင်း နှင့် တရုတ် ယူ-၂၀ အသင်းတို့ မြန်မာစံတော်ချိန် စက်တင်ဘာ ၁၁ ၊ နံနက် (၁) နာရီတွင် ဆော်ဒီအာရေဗျနိုင်ငံ၊ Al Khobar မြို့ရှိ Prince Saud bin Jalawi ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ တရုတ် ယူ-၂၀ အသင်းက (၃-၁) ဂိုးဖြင့် အနိုင်ရရှိခဲ့‌ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ကသိရသည်။

 

ပထမပိုင်းတွင် (၁-၁)ဂိုး သရေကျနေသော်လည်း ဒုတိယပိုင်းပြီးခါနီးတွင် မြန်မာအသင်း ပင်နယ်တီ (၂) ကြိမ်ဆက်ပေးခံရသဖြင့် တရုတ်အသင်း အနိုင်ရရှိသွားခြင်းဖြစ်‌ကြောင်းလည်း သိရသည်။

 

အစောပိုင်း ယှဉ်ပြိုင်ကစားခဲ့သော အုပ်စု(က) ပွဲစဉ်ဖြစ်သည့် မော်လ်ဒိုက်နှင့် ဥဇဘက်ကစ္စတန်အသင်းတို့ ပွဲစဉ်တွင် ဥဇဘက်ကစ္စတန် အသင်း က(၇- ဝ) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

 

အာရှ ယူ-၂၀ ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲစဉ်တွင် မြန်မာအသင်းအနေဖြင့်စက်တင်ဘာလ ၁၂ ရက်တွင် ဥဇဘက်ကစ္စတန် အသင်းနှင့်လည်းကောင်း၊ စက်တင်ဘာလ ၁၆ ရက်တွင် ဆော်ဒီအာရေဗျ နိုင်ငံအသင်းနှင့်လည်းကောင်း၊ စက်တင်ဘာလ ၁၈ ရက်တွင် မော်လ်ဒိုက်အသင်းနှင့်လည်းကောင်း ဆက်လက်ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။

 

ymg/mt
#Yangon _Media_Group