#Local_News
Published-1 Setember 2022

 

နိုင်ငံခြားသုံးငွေကြီးကြပ်မှု ကော်မတီ၏ အမေရိကန်ဒေါ်လာသန်း ၂၀၀ ထောက်ပံ့မည်ဟု ကြေညာချက်ထွက်ပြီး နောက်ပိုင်းတွင် ရွှေဈေးနှင့် ဒေါ်လာဈေး အနည်းငယ်ကျဆင်းလာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

 

စက်သုံးဆီဈေးနှုန်းကြီးမြင့်မှုကြောင့် အခြေခံကုန်စည်ဈေးနှုန်းကြီးမြင့်လာမှုကို သက်သာစေရန် နိုင်ငံခြားသုံးငွေကြီးကြပ်မှု ကော်မတီ၏ ဆုံးဖြတ်ချက်နှင့် နိုင်ငံခြားငွေကြေးဈေးကွက်မှတစ်ဆင့် အမေရိကန်ဒေါ်လာသန်း ၂၀၀ ထောက်ပံ့မည်ဟု ကြေညာထားခြင်းဖြစ်သည်။

 

လက်ရှိ ရွှေဈေးနှုန်းမှာ သြဂုတ်လ ၃၁ ရက်နေ့တွင် ရွှေတစ်ကျပ်သားလျှင် သိန်း ၃၀ အထက်တွင်ရှိနေပြီး ယနေ့စက်တင်ဘာလ (၁) ရက်နေ့တွင် ရွှေတစ်ကျပ်သားလျှင် သိန်း ၃၀ ဝန်းကျင်သာရှိကြောင်း၊ ဒေါ်လာဈေးနှုန်းသည်လည်း ကျပ် ၃၅၀၀ အောက်သို့ ကျဆင်းသွားခြင်းဖြစ်သည်။

 

ယင်းအပြင် စက်သုံးဆီဈေးနှုန်းသည်လည်း ဓာတ်ဆီတစ်လီတာ ကျပ် ၂၃၀ နှင့် ဒီဇယ်တစ်လီတာ ၁၀၅ ကျပ်အထိ ကျဆင်းလာခဲ့သည်။

 

#Ymg/STH
#Yangon_Media_Group