#Local_News
Published_29 August 2022

 

အင်းလျားကန်အတွင်းသို့ ယနေ့ သြဂုတ်လ ၂၉ ရက်မွန်းလွဲ ၂ နာရီကျော်အချိန် လူတစ်ဦးခုန်ချသွား၍ ကမာရွတ်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

"အခုထိ မတွေ့သေးပါဘူးခင်ဗျ"ဟု ရန်ကုန်တိုင်း ဒေသကြီး မီးသတ် ဦးစီးဌာန၏ အရာထမ်းတစ်ဦးက ပြောသည်။

 

ပဲခူးတိုင်းဒေသကြီး ပြည်မြို့တွင်လည်း သြဂုတ်လ ၂၈ ရက် ညနေ ၃ နာရီခန့် အသက် ၂၄ နှစ်အရွယ် အမျိုးသမီးက သူ၏ ၃ နှစ် သမီးငယ်အား ချီကာ နဝဒေး တံတားပေါ်က ခုန်ချသွား၍ လက်ရှိအချိန်ထိ ရှာဖွေနေဆဲ ဖြစ်ကြောင်း သိရသည်။

 

#ymg/mt
#Yangon_Media_Group