#Local_News
Published_29 August 2022

 

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် အိန္ဒိယ-မြန်မာ ချစ်ကြည်ရေး အစီအစဉ် အရ အိန္ဒိယနိုင်ငံမှ အကောင်အထည်ဖော်နေသည့် ကုလားတန်ဘက်စုံစီမံကိန်း (Kaladan Multi Transit Transport) မှာ ပြီးစီးနေပြီဖြစ်၍ မကြာမီလည်ပတ်တော့မည်ဟု အိန္ဒိကောင်စစ်ဝန်ချုပ် Mr.Bibekananda Bhattamishra က ပြောကြားလိုက်သည်။

 

သြဂုတ်လ (၂၇) ရက်က ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့် စစ်တွေမြို့ရှိ Royal Sittwe Resort ၌ တွေ့ဆုံစဉ် ယင်းကအထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်ကြောင်း ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူကပြောသည်။

 

ယင်းတွင် တန်ချိန် ၅၀၀၀-၆၀၀၀ သင်္ဘောများ ဆိုက်ကပ်နိုင်တော့မည် ဖြစ်ကြောင်းနှင့် ဆိပ်ကမ်းစတင်လည်ပတ်နိုင်ရေး လုပ်ငန်းရှင်များ၏ ပူးပေါင်းဆောင်ရွက်မှုများကို လက်ခံကြိုဆိုပါကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး၊ ကုန်သွယ်မှု လုပ်ငန်းစဉ် များ လွယ်ကူစွာဖြင့် စနစ်တကျ ဖွံ့ဖြိုးပါဝင်လာစေရေးနှင့် သတင်းအချက်အလက်များ ကျယ်ပြန့်စွာ အပြန်အလှန်မျှဝေ သိရှိနိုင်ရေး အတွက် RSCCI နှင့် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း Mr.Bibekananda Bhattamishra က ပြောကြားခဲ့ခြင်း ဖြစ်သည်။

 

ymg/mt
#Yangon_Media_Group