#Local_News
Published_17 August 2022

 

မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံရုံး ကောင်စစ်ဌာနဝန်ထမ်း ၄ဦးတွင် ကိုဗစ်ပိုးတွေ့၍ သံရုံးတံဆိပ်တုံး ထုတ်ပေးမှု(၆)ရက် နားမည်ဖြစ်ကြောင်း အဆိုပါ သံရုံးက ထုတ်ပြန်ထားသည်။

 

အဆိုပါ ၄ ဦးတွင် ကိုဗစ်ပိုးအတည်ပြုချက် ထွက်လာသောကြောင့် ဝန်ထမ်းအင်အား မလုံလောက်သောကြောင့် သံရုံးတံဆိပ်တုံး ပြန်လည်ထုတ်ယူမည့်သူများအနေဖြင့် ယနေ့ ဩဂုတ်လ ၁၇ရက်(ဗုဒ္ဓဟူးနေ့)မှ ဩဂုတ်လ၂၂ရက်(တနင်္လာနေ့)အထိ သံရုံးတံဆိပ်တုံး ထုတ်ပေးနိုင်မည် မဟုတ်ကြောင်း အသိပေးကြေငြာထားခြင်း ဖြစ်သည်။

 

ymg/mt
#Yangon_Media_Group