#Local_News
Published_9 August 2022

 

ရန်ကုန် - မန္တလေးအမြန်လမ်းမကြီးတွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လထိ ၇လအတွင်း ယာဉ်မတော်တဆတိုက်မှု ၉၉ မှု ၊ ဒဏ်ရာရရှိသူ ၁၆၆ ဦး၊ သေဆုံးသူ ၃၈ ဦး ထိရှိခဲ့သောကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုး ငွေကျပ် ၂၁၅,၉၄၉,၀၀၀ကျော် ရှိခဲ့ကြောင်းအမြန်လမ်းရဲတပ်ဖွဲ့မှူးရုံး၏ စာရင်းဇယားများအရ သိရသည်။

 

အမြန်လမ်းပေါ်တွင် ယာဉ်မတော်တဆမှုဖြစ်ပွားရခြင်းမှာ လူ ၊ ယာဉ်ချိုယွင်းမှု ၊ လမ်းနှင့် ရာသီဥတုတို့ကြောင့် အများဆုံး ဖြစ်ပွားလေ့ရှိကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံး၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။

 

"လူကြောင့် ဖြစ်ပွားတဲ့ ယာဉ်တိုက်မှုကတော့ အများဆုံး ဖြစ်ပါတယ်။လူတွေက သတ်မှတ်ကီလိုကို ကျော်လွန်မောင်းနှင်တာတွေလုပ်တယ်။လမ်းဖြောင့်ဖြစ်တာကြောင့် အရှိန်ကို တင်ပြီးတော့ မောင်းကြတာလေ၊တချိုကျတော့ အိပ်ငိုက်ပြီးတော့ ယာဉ်မတော်တဆမှု ဖြစ်တယ်။အမျိုးမျိုးပေါ့ဗျာ"ဟု အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံး၏ တာဝန်ကျ အရာထမ်းတစ်ဦးက ဆိုသည်။

 

ရန်ကုန်- မန္တလေးအမြန်လမ်းမကြီးပေါ်တွင် အိမ်စီးကားများကိုတစ်နာရီလျှင် ကီလို ၁၀၀၊ ခရီးသည်တင်အဝေးပြေးယာဉ်များကို တစ်နာရီလျှင်ကီလိုမီတာ (၉၀)၊ လုပ်ငန်းသုံးကုန်တင်ယာဉ်များကို တစ်နာရီလျှင်ကီလိုမီတာ (၆၀)နှုန်းများသတ်မှတ်မောင်းနှင်းခွင့်ပြုထားသော်လည်း သတ်မှတ်နှုန်းထားထက် ကျော်လွန်မောင်းနှင်သူများရှိနေသောကြောင့်လမ်းတစ်လျှောက်တွင် ကီလိုကျော်ယာဉ်တိုင်းတာစက်များတပ်ဆင်စောင့်ကြည့် ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်းလည်း သိရသည်။

 

ပြီးခဲ့သည့် ဇန်နဝါရီလမှ ဇူလိုင်လ ၁၃ ရက်ထိသတ်မှတ်အမြန်နှုန်းထက်ကျော်လွန်မောင်းနှင်းနေသော မော်တော်ယာဉ် ၅၀၆၄ စီးကို အရေးယူခဲ့ရကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံး၏ စာရင်းအရ သိရသည်။

ymg/mt
#Yangon_Media_Group