#Local_News
Published_6 August 2022

 

မြန်မာနိုင်ငံတွင် အာဟာရချို့တဲ့မှုကြောင့် ပုညှက်သည့်ကလေးများ(၂၆.၇)ရာခိုင်နှုန်းရှိသည့်အတွက် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုမြှင့်တင်ဆောင်ရွက်ရန်လိုအပ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာန ၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ပြောသည်၊၊

 

ဩဂုတ်လ (၄) ရက်ကနေပြည်တော်တွင်ကျင်းပသည့်
ကမ္ဘာ့ မိခင်နိုတိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုများ ဗဟိုအဆင့် အထိမ်းအမှတ် အခမ်းအနားတွင်ဒေါက်တာသက်ခိုင်ဝင်းက ထည့်သွင်းပြောခဲ့ခြင်းဖြစ်သည်၊၊

 

ဒေါက်တာသက်ခိုင်ဝင်းက "မြန်မာနိုင်ငံအဏုအာဟာရနှင့် အစာစားသုံးမှု အခြေအနေ လေ့လာရေးစစ်တမ်း(၂၀၁၇-၂၀၁၈)အရ အသက်(၅)နှစ်အောက် ကလေးများတွင် ကာလရှည် အာဟာရချို့တဲ့မှုကြောင့်ဖြစ်သော ပုညှက်ခြင်းသည် (၂၆.၇)ရာခိုင်နှုန်းရှိသဖြင့် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုမြှင့်တင်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊
ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ကလေးများအား မွေးစမှ အသက် ၆ လ အထိ မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးရန်နှင့် ကလေးအသက် ၆ လ ပြည့်သည့်အချိန်မှစ၍ သင့်တော်သောဖြည့်စွက်စာနှင့်အတူ အနည်းဆုံး ကလေးအသက် ၂ နှစ် အထိ မိခင်နို့ကို ဆက်လက်တိုက်ကျွေးရန် အကြံပြုထားကြောင်း" ထည့်သွင်းပြောခဲ့သည်၊၊

 

ဒီ့အပြင်Myanmar Demographic and Health Survey (၂၀၁၅-၂၀၁၆) ခုနှစ်အရ မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးနှုန်းသည် (၅၁) ရာခိုင်နှုန်းအထိရှိလာသည်ဖြစ်ကြောင်း၊ ယခုနှစ်ကမ္ဘာ့ မိခင်နို့ တိုက်ကျွေးရေး ရက်သတ္တပတ် ဆောင်ပုဒ်သည် “Step Up for Breastfeeding, Educate and Support” ဖြစ်ပြီး “ မိခင်နို့ချို တိုက်ဖို့ရာ၊ ဝိုင်းဝန်းပံ့ပိုး ပညာပေးကာ၊ ယနေ့မှစ အရှိန်မြှင့်ပါ”ဟူ၍ မြန်မာဘာသာ ပြန်ဆိုထားကြောင်း၊ မိခင်နို့တိုက်ကျွေးခြင်းသည် အကျိုးကျေးဇူးများစွာ ရရှိသည့်အတွက် ပိုမိုမြှင့်တင်ဆောင်ရွက်ရန်နှင့် တာဝန်ရှိသူများမှ ပံ့ပိုးပေးကြရန်လိုအပ်ကြောင်း၊ အာဟာရစောင့်ရှောက်ရေးလုပ်ငန်းများကို အောင်မြင်စေရေးဆောင်ရွက်ရာတွင် အစိုးရဌာနများသာမက ပြည်သူလူထုအပါအဝင် အဖွဲ့အစည်းများအားလုံး လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်ပေးကြရန် အလေးအနက်တိုက်တွန်းကြောင်းလည်း ပြောကြားခဲ့သည်၊၊

ymg/tthl
#Yangon_Media_Group