#Local_News
Published_4 Aungust 2022

 

မလေးရှားနိုင်ငံတွင် တစ်ပြိုင်နက်တည်း သေဆုံးသွားကြသည့် မြန်မာသားအဖသုံးဦးကို ယနေ့ သြဂုတ်လ ၄ ရက်တွင် သင်္ဂြိုလ်ပြီးစီးခဲ့ကြောင်း မလေးရှားနိုင်ငံမြန်မာလူမူကူညီရေးအသင်းက သိရသည်။

 

သြဂုတ်လ ၂ ရက်က မလေးရှားနိုင်ငံ ကပုန်းမြို့နယ် (Taman Desa jaya)လမ်းထိပ်ရှိ ဟိုင်းဝေး မိုးပျံတံတားပေါ်မှပြုတ်ကျသေဆုံးခဲ့သော အဆိုပါ သားအဖတို့၏ ကျန်ရစ်သောခန္ဓာကိုယ်ကို ဒေသဆိုင်ရာ ချင်းအမျိုးသားများ ကွန်မြူနတီအဖွဲ့အစည်းစုံ မိသားစုများနှင့် ပူးပေါင်း၍ စလန်းကောပြည်နယ် (စမုံညှင်းမြို့) ခရစ်ယာန်သင်္ချိုင်းတွင်ဆုတောင်းပွဲကျင်းပကာ မြေသို့အပ်နှံသင်္ဂြိုလ်ပြီးစီးခဲ့ကြောင်း အဆိုပါ အသင်းက ထုတ်ပြန်ထားသည်။

 

ယင်း၏ ထုတ်ပြန်ချက်တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ကပုန်းမြို့နယ်တွင် နေထိုင်သည့် ချင်းပြည်နယ် မတူပီမြို့ ၊ (Meisakatla) ကျေးရွာမှ (Mara)ချင်းအမျိုးအနွယ်စု မိသားစုဝင်များဖြစ်သော
ဖခင် အသက် ၃၈ နှစ်အရွယ် ( Cholei)၊ အသက် ၈ နှစ်အရွယ် သမီးကြီး( Vatetisoh)နှင့် အသက် ၆ နှစ်အရွယ် သားလတ်(Vabiechose)တို့ ဖြစ်ကြောင်း ဖော်ပြထားသည်။

 

အဆိုပါ သတင်းဖြစ်စဉ်နှင့်ပတ်သက်၍ သြဂုတ်လ ၃ ရက်က Yangon Media Group ၏ သတင်းစာမျက်နှာတွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။

photo-Kepongfreefuneralservices
ymg/mt
#Yangon_Media_Group