#Local_News
Published_1 August 2022

 

မိုင်းကျက်ဂူ အတွင်း ၃နှစ် ၃ လ ၃ ရက် မဟာအဓိဌာန်ကျင့်ကြံနေသော မိုင်းဖုန်းဆရာတော်ဘုရားကြီး ယနေ့ ဩဂုတ်လ ၁ ရက်တွင် မိုင်းကျက်ဂူ အတွင်းမှ ပြန်လည် ထွက်လာပြီ ဖြစ်ကြောင်း သိရသည်။

 

ဆရာတော်၏ ဆံပင်များကို မြစ် ၃ ခုစုံရာ နမ့်ဟူးချောင်းတွင် ဆံချမည်ဖြစ်သည့်အတွက် ဆံချရန် နေရာလည်း ပြုလုပ်ထားပြီး ဖြစ်ကြောင်း ဒေသခံ သတင်းရင်းမြစ်များက ဆိုသည်။

 

အရညဝါသီ မိုင်းဖုန်းဆရာတော်ဘုရားကြီး အဓိဌာန်အောင်ကာ ဂူထွက်ချိန် ဩဂုတ်လ(၁)ရက်တွင် အပူဇော်ခံမည် ဖြစ်ပြီး (၅)ရက်တာအတွင်း အဆိုပါ အပူဇော်ခံရာ မိုင်းကျက်အောက်ဂူထိ မလာရောက်နိုင်သူများအတွက် ဩဂုတ်လ ၅ ရက်တွင် မိုင်းကျက်မှ မိုင်းဆတ် တာချီလိတ်လမ်းအတိုင်း ကြွချီမည် ဖြစ်ကြောင်းလည်း သိရသည်။

 

တာချီလိတ်ကိုရောက်သည်နှင့် နဂါးနှစ်ကောင် ဆရာတော်ဘုရားကြီးကျောင်းတော်သို့ကြွရောက်မည်ဖြစ်ပြီး ယင်းမှဆရာတော်ကြီး၏ မိုင်းဖုန်းရှိ လွန်းလိန်းကျောင်းသို့ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း၊ဆရာတော် နှီးဘုရားကျောင်းတွင် ဘုရားဝတ်တက်ချိန် ဖူးမျှော်နိုင်မည် ဖြစ်ကြောင်းလည်း ဖူးမျှော်နိုင်သူများအတွက် သတင်းထုတ်ပြန်ထားကြောင်း သိရသည်။

ymg/mt
#Yangon_Media_Group