#LocalNews
Published_24 July 2022

 

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ အနောက်ရပ်ကွက်၊ ၂၉ လမ်း ၈၄x၈၅ ကြားတွင် ယနေ့ ဇူလိုင်လ ၂၄ ရက် ၃ နာရီ ၄၃ မိနစ်ခန့်က အဆောက်အဦဖြိုရာမှ အုတ်တံတိုင်းပိ၍ လူနှစ်ဦးသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သိရသည်။

 

ယင်းဖြစ်စဉ်ကြောင့် အမျိုးသား နှစ်ဦးသေဆုံးကာ သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ကြကြောင်း၊သေဆုံးသူများကို ဈေးချိုအရန်မီးသတ်စခန်းနှင့် ကျောက်ဆစ်အရန်မီးသတ်စခန်းမှ ယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး အခြားထိခိုက်ဒဏ်ရာရသူများမှာ မစိုးရိမ်ရကြောင်းလည်း သိရသည်။

 

အဆိုပါ တိုက်ပြိုကျမှုဖြစ်ပွားရာသို့ ချမ်းအေးသာစံမြို့နယ် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

ပြီးခဲ့သည့် ဇူလိုင်လ၂၂ရက်ကလည်း မော်လမြိုင်မြို့တွင် ကျောင်းအုတ်တံတိုင်းပြိုကျ၍ လူ ၅ ဦး သေဆုံးခဲ့သေးသည်။

 

ymg/mt
#Yangon_Media_Group