#Local_News
Published _ 22 July 2022

 

ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ ဌာနခွဲများနှင့် ဆေးရုံများ၊ သင်ကြားရေးဆေးရုံကြီးများ၌ ယခု၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာနှစ်မှစ၍ အလုပ်သင်ဆရာဝန်အဖြစ် နိုင်ငံတော်တာဝန်ထမ်းဆောင်သူများကို အလုပ်သင်ဆရာဝန်ချီးမြှင့်ငွေ တိုးမြှင့်ချီးမြှင့်ပေးသွားရန် နစကမှ ခွင့်ပြုပြီးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

 

အလုပ်သင်ဆရာဝန်ချီးမြှင့်ငွေများ မည်သည့်အတိုင်းတာအထိ တိုးမြှင့်ပေးသွားမည်ကို ကျန်းမာရေးဌာ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားခြင်းမရှိပေ။

 

၂၀၂၂-၂၀၂၃ ခုနှစ်မှ ဝင်ရောက်၍ နိုင်ငံတော်တာဝန် စတင်ထမ်းဆောင်မည့် အလုပ်သင်ဆရာဝန်များအနေနှင့် ရန်ကုန်၊ မန္တလေး၊ မကွေးဆေးတက္ကသိုလ်များရှိ နောက်ဆုံးနှစ်သင်တန်းဆင်းသူ ၃၃၂ ဦးနှင့် ရန်ကုန်၊မန္တလေးသွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များမှ နောက်ဆုံးနှစ်သင်တန်းဆင်းသူ ၆၆ ဦး စုစုပေါင်း အလုပ်သင်ဆရာဝန် ၃၉၈ဦးအား ကျန်းမာရေးဌာနလက်အောက်တွင် အလုပ်သင်ဆရာဝန်အဖြစ် သတ်မှတ်အချိန်အထိ တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

 

အလုပ်သင်ဆရာဝန် အယောက် ၃၀၀ ကျော်ဟာ ဇူလိုင်လ ၁၈ရက်က စတင်၍ ၁နှစ်အကြာသည်အထိ ကျန်းမာရေးဝန်ကြီးဌာနလက်အောက်မှာ အလုပ်သင်အဖြစ် အလုပ်လုပ်ရမှာဖြစ်ပြီး တာဝန်ထမ်းဆောင်နေချိန်၌လည်း လုပ်သက်ကန့်သတ်ထားခြင်းမရှိဘဲ ဘာသာရပ်သင်ပညာရပ်(၁၁)ခု၏ ပါရဂူကျွမ်းကျင်သင်တန်းများကို ဆက်လက်တက် ရောက်နိုင်မှာဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားရှိသည်။

 

ymg/NN
#Yangon _ Media _Group