#Local_News
Published _ 22 July 2022

 

မလေးရှားနိုင်ငံ၊ ပီနန်း ဘာတာဝပ်မြို့မှာ စွန့်ပစ်ပြာပုံပြိုကျပြီး မီးလောင်ခံရ၍ ဆေးကုသမှု ခံယူနေလျက်ရှိသည့် မြန်မာလုပ်သားတစ်ဦး ထပ်မံသေဆုံးသွားကြောင်း ယင်းအား ကူညီဆောင်ရွက်ပေးနေသည့် ဒါနကုသလနာရေးကူညီမှုအသင်းထံက သိရသည်။

 

ယင်းစွန်ပစ်ပြာပုံကို ဇွန်လ ၂၈ ရက်က မြန်မာလုပ်သားလေးဦးနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတစ်ဦးတို့ စုပုံနေစဉ် ရုတ်တရက်ပြိုကျပြီး အတွင်းမှာလှိုက်လောင်နေသည့် မီးပုံထဲကျသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ဖြစ်ရပ်ကြောင့် အခင်းဖြစ်ရာ နေရာမှာတင် မြန်မာလုပ်သားတစ်ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား သေဆုံးခဲ့ပြီး နောက်ထပ်မြန်မာလုပ်သားတစ်ဦး ဆေးကုသမှုခံယူနေစဉ် ယမန်နေ့က ထပ်မံသေဆုံးသွားကြောင်း သိရှိရသည်။

 

ယခု ထပ်မံသေဆုံးသွားသူဟာ ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် ပါလှဲကျေးရွာအုပ်စု၊ ကွမ်းခြံကုန်းရွာနေ အသက်(၃၀)အရွယ် ကိုဖြိုးဝေထွဋ် ဖြစ်ကြောင်း ဒါနကုသလနာရေးကူညီမူအသင်းက ထုတ်ပြန်ထားသည်။

 

သေဆုံးသွားသည့် ကိုဖြိုးဝေထွဋ်၏ ရုပ်ခန္ဒာကို ဇူလိုင်လ(၂၄)ရက်တွင် ဘာရပ်ပစ် သုသာန်မှာ သင်္ဂြုလ်သွားမည်ဟု မလေးရှားရောက်မြန်မာများကို အသိပေးထားရှိသည်။

 

ymg/NN
#Yangon_Media_Group