#Local_News
Published_6 July 2022

 

ရခိုင်ပြည်၊ စစ်တွေမြို့ စစ်တွေဟိုတယ်ရှေ့ရှိ ကမ်းခြေသဲသောင်ပြင်ပေါ်တွင် စစ်တွေဟိုတယ်ကမ်းခြေရှေ့တွင် သေဆုံးနေသော လင်းရှူးငါးတစ်ကောင် သောင်တင်ခဲ့ကြောင်း ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနက သိရသည်။

 

အဆိုပါ ငါးကို ဇူလိုင်လ ၅ ရက် ည ပိုင်း ၁၁ နာရီကျော်ခန့်က တွေ့ရှိခဲ့သောကြောင့် ယနေ့ ဇူလိုင်လ ၆ ရက် နံနက်တွင် သဲသောင်ပြင်၌ စနစ်တကျ မြေမြှုပ်ထားပြီးဖြစ်ကြောင်း သိရသည်။

 

"ဝေလငါးမဟုတ်၊ လင်းရှူးပါ၊ ငါးက ကမ်းမှာပါးကတည်းက အသေပါ။ အခုတော့ မြေမြှုတ်တာကို သေချာလုပ်လိုက်ပါပြီ"ဟု ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန တာဝန်ရှိသူက YMG ကို ပြောသည်။

 

ယင်းငါး၏ အရွယ်အစားမှာ အလျား ၁၀ ပေ ခန့်၊ လုံးပတ် ၄ ပေ ခွဲခန့်ရှိကြောင့် အနံ ၃ ပေခန့်ရှိကြောင်း၊ ပင်လယ်လင်းရှူးများမှာ ပင်လယ်နို့တိုက်သတ္တဝါ (Marine Mammals) များဖြစ်ကြပြီး ရှားပါးရေနေသတ္တဝါလည်း ဖြစ်ကြောင်း သိရသည်။

ymg/mt
#Yangon_Media_Group