#Local_News
Published - 28 June 2022

 

လတ်တလော ပဋိပက္ခတွင် ပါဝင်ပတ်သက်လိုခြင်းမရှိကြောင်း လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကိုဆောင်ရွက်နေသည့် မြန်မာ-ဝမ်ပေါင် ကုမ္ပဏီက ဇွန်လ ၂၈ ရက်(ယနေ့)တွင် ထုတ်ပြန်လိုက်သည်။

 

လက်ရှိတွင် မြန်မာ-ဝမ်ပေါင် ကြေးနီသတ္တုတွင်းစီမံကိန်း ဧရိယာသို့ လက်နက်ကိုင်အဖွဲ့များ၏ တိုက်က်ခိုက်မှုများကို ဆက်တိုက်ခံနေရကာ တာဝေးပစ်လက်နက်များဖြင့် သတ္တုတွင်းဧရိယာအတွင်း ဗုံးအများအပြားပစ်လွှတ်သည့်အပြင် ဗို့အားမြင့် ဓာတ်အားပေးတာဝါတိုင်မှာလည်း ဖောက်ခွဲဖျက်ဆီးခံလိုက်ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

အဆိုပါ ဖြစ်စဉ်တွင် လူသေဆုံးထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့သော်လည်း ယင်းလုပ်ရပ်မှာ စီမံကိန်းဧရိယာအတွင်းရှိသည့် ဝန်ထမ်းများ၏ အသက်လုံခြုံရေးကို အလေးမထားခြင်းဖြစ်သကဲ့ စီမံကိန်းအသိုင်းအဝိုင်းကိုလည်း ထိခိုက်စေသည့်အတွက် ယင်းလုပ်ရပ်အပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်းလည်း ဖော်ပြထားသည်။

 

ymg/sth
#Yangon_Media_Group