#Local_News
Published _25 June 2022

 

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်း အမည်မရှိစက်လှေတစ်စီးပေါ်မှ ဘင်္ဂါလီ ၉ ဦး ဖမ်းဆီးရမိကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့က သိရသည်။

 

ဇွန်လ၂၃ ရက်နံနက်ပိုင်းချိန်တွင် ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ပေါက်တောမြို့နယ်၊ သဲခုံရွာအနီးတွင် စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ပွဲကြည်တောင်၏ အနောက်မြောက်ဘက် ၃ မိုင်ခန့်အကွာ၌ အရှေ့မှ အနောက်သို့ မောင်းနှင်လာသော မသင်္ကာဖွယ်ရာ စက်လှေတစ်စီးတွေ့ရှိ၍ ခေါ်ယူစစ်ဆေးခဲ့ရာမှ အထက်ပါအတိုင်း ဖမ်းဆီးရမိခြင်းဖြစ်သည်။

 

ယင်းစက်လှေပေါ်တွင် WFP စာတမ်းပါ ဆန် ၁ဝဝ အိတ်၊ စားဆီ ၆ဝဝ ဗူး(၃ လီတာဆံ့)၊ ကုလားပဲ ၂ဝ အိတ်၊ မြန်မာစက္ကူ ငွေရောရာ ၈၇၃၃ဝဝဝ ကျပ် နှင့်အတူ ပေါက်တောမြို့နယ်နေ ဘင်္ဂါလီ ၉ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း၊ ဖမ်းဆီးရမိသည့် စက်လှေနှင့် စက်လှေပေါ်ပါ ပစ္စည်းများကို စစ်တွေမြို့ မြို့မရဲစခန်းတွင် ထိန်းသိမ်းထားရှိပြီး ဘင်္ဂါလီ ၉ ဦးအား ဥပဒေနှင့်အညီဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ymg/mt
#Yangon_Media_Group