#LocalNews
Published - 22 June 2022

 

တောင်ကိုရီးယားနိုင်ငံသို့ ခြောက်လအတွင်း မြန်မာအလုပ်သမားစုစုပေါင်း ၁၆၁၉ ဦး တရားဝင်ပို့ဆောင်ထားပြီးဖြစ်ကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးက သိရသည်။

 

တောင်ကိုရီးယားနိုင်ငံ အစိုးရအနေဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါပြန့်ပွားခြင်းကို ကာကွယ်ထိန်းချုပ်ရန်အတွက် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၁ ရက်ကစ၍ ပြည်ဝင်ခွင့် ပိတ်ထားခဲ့ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်တွင် မြန်မာနိုင်ငံမှ အလုပ်သမားများ ပြန်လည်ခေါ်ယူခဲ့ကာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်ကစ၍ မြန်မာအလုပ်သမား ၆၄ ဦးကို ပထမအကြိမ် တရားဝင်စေလွှတ်ခဲ့ခြင်း ဖြစ်သည်။

 

ပြီးခဲ့သည့် ဇန်နဝါရီလတွင် ၁၂၃ ဦး၊ ဖေဖော်ဝါရီလတွင် ၁၀၅ ဦး၊ ဧပြီလတွင် ၃၁၇ ဦး၊ မေလတွင် ၆၂၂ ဦး၊ ဇွန်လတွင် ၃၈၈ ဦးတရားဝင်စေလွှတ်ခဲ့ပြီး ဖြစ်ကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံး၏ ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။

 

တောင်ကိုးရီးယားသို့သွားရောက် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများအနေဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းများနှင့် ကုန်ထုတ်လုပ်ငန်းများတွင် အများဆုံးလုပ်ကိုင်နေခြင်း ဖြစ်ကြောင်း သိရသည်။

 

ymg/sth
#Yangon_Media_Group