#LocalNews
Published -1 June 2022

 

တာဝန်ပြန်လည်ထမ်းဆောင်ရန် သတင်းပေးပို့သည့် ဆရာ၊ ဆရာမ အရေအတွက် ၂၉၆၀ ဦး သတင်းပို့ ဆက်သွယ်ခဲ့ကာ လက်ရှိတွင် ဆက်သွယ်သတင်းပေးပို့နိုင်သည့် ရက်ကို ထပ်မံတိုးမြှင့်ထားကြောင်း နစက က ထုတ်ပြန်ထားသည်။

 

ခြိမ်းခြောက်အကျပ်ကိုင်ခံရမှုကြောင့်လည်းကောင်း၊ ငြိမ်းချမ်းစွာဆန္ဒပြမှုများတွင် ပါဝင်ခဲ့မိသောကြောင့်လည်းကောင်း၊ သွားလာမှုခက်ခဲခြင်းကြောင့်လည်းကောင်း စိုးရိမ်ကြောင့်ကြမှုများကြောင့် တာဝန်မှကင်းကွာခဲ့သည့် ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမများ၊ ဝန်ထမ်းစည်းကမ်းဖြင့် အရေးယူခံထားရသည့် ဆရာ၊ ဆရာမများအနေဖြင့် နိုင်ငံသားမျိုးဆက်သစ်လူငယ်များအတွက် သင်ကြားရေးတာဝန်ကို ပြန်လည်ထမ်းဆောင်နိုင်ရန် မိမိတို့ သဘောဆန္ဒအလျောက် နောက်ဆုံးတာဝန်ထမ်းဆောင်ခဲ့သော ကျောင်းတည်ရှိသည့် မြို့နယ်ပညာရေးမှူးရုံးသို့ဖြစ်စေ၊ လက်ရှိနေထိုင်ရာဒေသရှိ နီးစပ်ရာမြို့နယ်ပညာရေးမှူးရုံးသို့ဖြစ်စေ ဇွန်လ ၇ ရက် မတိုင်မီ သတင်းပို့နိုင်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ဇွန်လ ၇ရက်မှစ၍ သတ်မှတ်ရက်အတွင်း သတင်းပို့နိုင်ခြင်းမရှိသော ဆရာ၊ ဆရာမများအတွက် သတင်းပို့ဆက်သွယ်ရမည့်ရက်ကို ဇွန်လ ၁၄ ရက်ထိ ထပ်မံ၍တိုးမြှင့်သတ်မှတ်ပေးထားခြင်းဖြစ်သည်။

 

စတင်ဖိတ်ခေါ်ခဲ့သည့် မေလ ၃၁ ရက်တွင် သတင်းပေးပို့သူ ဦးရေ (၂၄၈၂)ဦးရှိပြီး ဇွန်လ ၇ရက်ထိ သတင်းထပ်မံပေးပို့သူဦးရေ ၄၇၈ ဦး ထပ်တိုးလာခြင်းဖြစ်ကြောင်းလည်း နစက၏ စာရင်းများအရ သိရသည်။

 

ymg/NN
#Yangon_Media_Group