#Local_News
Published_ 5 June 2022

 

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်တို့တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၇၁၃ ဦး တက်ရောက်ပညာသင်ယူလျက်ရှိသဖြင့် ရာနှုန်းပြည့် ကျောင်းအပ်လက်ခံ သင်ကြားပေးနိုင်ခြင်းဖြစ်ကြောင်း သိရပါတယ်။

 

၂၀၂၂-၂၀၂၃ ခုနှစ်၊ ပညာသင်နှစ်တွင် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၌ ပထမနှစ် ကျောင်းသား ၁၆၇ ဦး၊ ကျောင်းသူ ၂၅၁ ဦး၊ စိုက်ပျိုးရေးဒီပလိုမာလက်မှတ်ရ ဦးစီးဌာန အသီးသီးမှ လုပ်ငန်းခွင်ထူးချွန် ၃၀၊ ကျောင်းအလိုက်ထူးချွန် ဒီပလိုမာလက်မှတ်ရ ၈၃ ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူအသစ် ၅၃၁ ဦး ပညာသင်ယူလျက်ရှိပါတယ်။

 

အလားတူ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၌ ပထမနှစ်ဆေးပညာသင်တန်း ကျောင်းသား ၃၈ ဦး၊ ကျောင်းသူ ၇၅ ဦး၊ ပထမနှစ်မွေးမြူရေးပညာသင်တန်း ကျောင်းသား ၂၆ ဦး၊ ကျောင်းသူ ၄၃ ဦး၊ စုစုပေါင်း ပထမနှစ် သင်တန်းသား ၁၈၂ ဦး ပညာ သင်ယူလျက်ရှိကြောင်းသိရပါတယ်။

 

တက္ကသိုလ်များအနေဖြင့် ရေဆင်းဒေသတွင် ဆည်တမံများ၊ စိုက်ကွင်းများ၊ သုတေသနဌာနများနှင့် နီးကပ်စွာအတူယှဉ်တွဲ တည်ရှိနေသည့်အတွက် စိုက်ပျိုးမွေးမြူ ရေး ပညာရပ်များ သင်ကြားသင်ယူရန် ပြည့်စုံသော ပညာရေးဝန်းကျင်ကောင်း တစ်ခုအဖြစ် တည်ရှိနေပါတယ်။

 

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်များ၏ မောင်မယ်သစ်လွင် ကြိုဆိုပွဲကို ဇွန် ၄ ရက်နံနက်ပိုင်းက နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းတက္ကသိုလ်များနယ်မြေရှိ စိုက်ပျိုးရေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သတင်းရရှိပါတယ်။

 

ymg-mnn
#Yangon_Media_Group