#LocalNews
Published - 29 May 2022

 

ခန္ဓာကိုယ်၌ အရေကြည်ဖုများထွက်နေသည့် ကျိုက်ထိုက ကလေးငယ် မျောက်ကျောက် ဂေါရာဖြစ်ပွားခြင်းမဟုတ်ဘဲ အရေပြားပိုးဝင်ရောဂါသာဖြစ်ပြီး ယခုအခါ သက်သာ ပျောက်ကင်းသွားပြီဖြစ်တယ်လို့ ကျိုက်ထိုမြို့နယ်ကျန်းမာရေးဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

 

မွန်ပြည်နယ်ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်တိုက်နယ်ဆေးရုံတွင်တွေ့ရသော အဖျားကြီးပြီး ခြေလက်နှင့် ခန္ဓာကိုယ်များတွင် ပြည်ဖုများဖြစ်ပွားနေသော ကလေးလူနာမှ ာနိုင်ငံတကာတွင်ခေတ်စားနေသော မျောက်ကျောက်ရောဂါမဟုတ်ကြောင်းနှင့် ရှိရင်းအရေပြားရောဂါတွင် ပိုးဝင်သွားခြင်းသာဖြစ်ကြောင်း ကျန်းမာရေးပညာရှင်များ၏ စစ်ဆေးချက်အရသိရ ကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

အဆိုပါ ကလေးငယ်အား ပိုးသတ်ဆေးပေးရာတွင် အဖျားကျလန်းဆန်းပြီး ပြည်တည်နာများလည်း ပျောက်ကင်းသွားပြီးဖြစ်ကြောင်းနှင့် ပြည်သူလူထုကို အသိပေးအပ်ကြောင်း ကျိုက်ထိုမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

 

ဒါ့အပြင် မည်သူမဆို ဖျားနာပြီး ခြေလက်နှင့် ခန္ဓာကိုယ်တွင် အရည်ကြည်ဖုများထွက်လာပါက နီးစပ်ရာကျန်းမာရေးဌာနသို သတင်းပို့ရန် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကြေညာထားပါတယ်။

 

ဓာတ်ပုံ - ကျိုက်ထိုမြို့နယ် ပြည်သူ့ဆေးရုံဖေ့စ်ဘွတ်ခ်

 

ymg/kg
#Yangon_Media_Group