#Local_News
Published_ 28 May 2022

 

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ငွေကျပ် ၅ ဒသမ ၁၆ ဘီလီယံတန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း)များ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန် ထားပါတယ်။

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၁၅ ရက် ညနေ ၅ နာရီခွဲတွင် ဘားအံမြို့နယ်၊ ရန်ကုန်-မြဝတီသွားကားလမ်း၊ တရုတ်လှကျေးရွာအနီးတွင် သထုံမှမြဝတီဘက်သို့ ကျော်ဇေယျာမောင်းနှင်ပြီး ဆန်းဝင်းကျော် လိုက်ပါလာတဲ့ Alphard မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေခဲ့ပါတယ်။

 

ထိုသို့ရှာဖွေရာတွင် ဒေသကာလတန်ဖိုး ငွေကျပ် ၅ ဒသမ ၁၆ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၂၀၅ ကီလိုနှင့် ကတ်တမင်း ၁ ကီလို သိမ်းဆည်းရမိခဲ့ပါတယ်။

 

စစ်ဆေးဖော်ထုတ်ချက်အရ မေ ၁၉ ရက် မွန်းတည့် ၁၂ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ၇၈ လမ်းရှိ ဟိုတယ်တွင် မူးယစ်ဆေးဝါးများ တာဝန်ခံသယ်ဆောင်သူ ထွန်းလင်းအောင်ကို ဆက်လက်ဖမ်းဆီးရမိခဲ့ပါတယ်။

 

သိမ်းဆည်းရမိမူးယစ်ဆေးဝါးများကို ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ကရင်ပြည်နယ်သို့ သယ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အား ဥပဒေအရအရေးယူထားကာ ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရပါတယ်။

 

ymg-mnn
#Yangon_Media_Group