#LocalNews
Published -28 May 2022

 

မေလ(၃၁)ရက်တွင်ကျရောက်မယ့် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ အခမ်းအနားမြန်မာနိုင်ငံမှာကျင်းပသွား မှာဖြစ်တယ်လို့ သိရပါတယ်၊၊

 

ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ အခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပသွားမှာဖြစ်ပြီး ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းအနေနဲ့လည်း တက်ရောက်သွားမှာဖြစ်တယ်လို့
ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းဥက္ကဌ ဒေါက်တာသန်းစိန်ကYMG ကို ပြောပါတယ်၊၊

 

"မေလ(၃၁)ရက်ဟာ ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ ဖြစ်ပါတယ်၊၊ နှစ်စဥ်ကျင်းပလေ့ရှိတဲ့ ကမ္ဘာ့ ဆေးလိပ်မသောက်ရေးနေ့ အခမ်းအနားကိုမေလ(၃၁)ရက်မှာ နေပြည်တော်မှာ ကျန်းမာရေးဝန်ကြီးဌာနက ကျင်းပဖို့ရှိပါတယ်၊၊ ဆရာတို့ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းအနေနဲ့လည်းတက်ရောက်သွားဖို့ရှိပါတယ်"လို့ ဒေါက်တာသန်းစိန်က ပြောပါတယ်၊၊

 

ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ အခမ်းအနားမတိုင်မီ ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းအနေနဲ့ ပြည်နယ်နဲ့တိုင်းအသီးသီးရှိ ကျေးလက်ဒေသအချို့ကိုသွားပြီး ဆေးလိပ်၊ ဆေးရွက်ကြီးရဲ့ဆိုးကျိုးများကို အသိပညာပေးဟောပြောခြင်းတွေ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်၊၊

 

ymg/tthl
#Yangon_Media_Group