#LocalNews
Published_21 May 2022

 

နိုင်ငံတော်သြဝါဒါစရိယအဘိဓဇ မဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာပဏ္ဏိတ ဒေါက်တာဘဒ္ဒန္တသိဒ္ဓိယ D.Litt (Doctor of Literature) (ပုညနိမ္မိတာ ရွှေသုဝဏ် ကျောင်းတိုက်၏ ပဓာနနာယကဆရာတော်) ဘုရားကြီးသည် ယနေ့ မေလ၂၁ ရက် နံနက် ၁ နာရီ ၄၀မိနစ်အချိန်က အမှတ် (၂) တပ်မတော်ဆေးရုံ (ကုတင်၅၀၀) ၌ ပျံလွန်တော်မူသွားကြောင်း သိရသည်။

 

ဆရာတော်ကြီးသည် ဆေးကုသမှုခံယူနေရခြင်းဖြစ်ကြောင်း၊ ပျံလွန်တော်မူစဉ် သက်တော် (၈၄)နှစ်အရွယ်ရှိပြီ ဖြစ်ကာ ဆရာတော်ဘုရားကြီး ၏ ရုပ်ကလက်တော်အား မေလ၂၈ ရက်ထိ သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်၊ ရွှေသုဝဏ်ကျောင်းတိုက်အတွင်း အပူဇော်ခံထားရှိမည်ဖြစ်ကြောင်း သိရသည်။

 

ymg/mt
#Yangon_Media_Group