#LocalNews
Published -20 May 2022

 

မန္တလေးတိုင်းဒေသကြီး၊စဉ့်ကူးမြို့နယ်၊ ရွှေပြည်ကျေးရွာရှိရွှေပြည်ရဲကင်းစခန်းကို မေလ(၂၀)ရက်နံနက်(၁)နာရီခွဲခန့်ကပစ်ခတ်တိုက်ခိုက်ခံရတယ်လို့ သိရပါတယ်၊၊

 

ရွှေပြည်ရဲကင်းစခန်းကို လူ(၁၀)ဦးခန့် စခန်းရဲ့ အနောက်တောင်ဘက် မီတာ(၂၀၀)အကွာရှိ ကားလမ်းမှလက်ပစ်ဗုံးတစ်လုံး၊ လက်နက်ငယ်တွေနဲ့လာရောက်ပစ်ခတ်တိုက်ခိုက်တဲ့အတွက် လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေနဲ့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းနဲ့ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း နစကရဲ့ သတင်းအမှန်ထုတ်ပြန်ရေးအဖွဲ့ကနေ သိရပါတယ်၊၊

 

ymg/tthl
#Yangon_Media_Group