#Local News
Published-16 May 2022

 

အခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပိုတဲ့ နိုင်ငံတွေမှာ စားအုန်းဆီဈေးအနည်းငယ် ကျဆင်းလာသည့်အတွက် ရန်ကုန်အထိုင်အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း (၅၆၈၅)ကျပ်နဲ့ ရောင်းချသွားမှာ ဖြစ်တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးရေးကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်၊၊

 

တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ FOB ဈေးနှုန်းတွေကို အခြေခံ၍တွက်ချက်မှုတွေအရ ၂၀၂၂ ခုနှစ် မေလ (၁၆)ရက်မှ (၂၂)ရက်အထိ စားအုန်းဆီတစ်ပိဿာကို ရန်ကုန်အထိုင် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း (၅၆၈၅)ကျပ်နဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်၊၊

 

၂၀၂၂ခုနှစ် မေလ (၂)ရက်မှ(၈)ရက်အထိ စားအုန်းဆီတစ်ပိဿာကို ရန်ကုန်အထိုင်အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း (၆၀၂၅)ကျပ်နဲ့ ရောင်းချခဲ့ရာမှ အခုမေလ (၁၆)ရက်မှ (၂၂)ရက်မှာတော့ ကျပ်(၅၆၈၅)နဲ့ ရောင်းချသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်၊၊

 

စားအုန်းဆီနဲ့ပတ်သက်လို့ ဈေးနှုန်းမြင့်တင်ရောင်းချခြင်း၊ ဈေးကစားခြင်းနဲ့ ဈေးကစားရန်သိုလှောင်ထားခြင်းများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရအရေးယူသွားမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်၊၊

 

ymg/tthl
#Yangon_Media_Group