#Local_News
Published_ 16 May 2022

နိုင်ငံဖြတ်ကျော်ပေးချေမှုများဆိုင်ရာ ဆန်းသစ်တီထွင်မှုများ ပိုမိုတိုးတက်လာစေရေး အာရှဗဟိုဘဏ်များ ငွေစာရင်းရှင်းလင်းရေးအဖွဲ့ (အေစီယူ) ဒါရိုက်တာအဖွဲ့ အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

 

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်းသည် အကြိမ် (၅၀) မြောက် အာရှဗဟိုဘဏ်များ ငွေစာရင်းရှင်းလင်းရေးအဖွဲ့ (အေစီယူ) ဒါရိုက်တာအဖွဲ့အစည်းအဝေးသို့ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

 

အစည်းအဝေးတွင် အေစီယူနိုင်ငံများအကြား ပြည်တွင်းသုံးငွေကြေးဖြင့် ပေးချေမှုများ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးနှင့် အေစီယူစနစ် ပိုမိုကျယ်ပြန့် အားကောင်းခိုင်မာလာစေရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်း ဦးဆောင်၍ ညွှန်ကြားရေးမှူးချုပ်ဒေါ်ခိုင်ရွှေဝါ၊ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဇော်တို ပါဝင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ မေ ၁၂ ရက်မှ ၁၃ ရက်အထိ ပါကစ္စတန်နိုင်ငံ အစ္စလာမ္မာဘတ်မြို့တွင် တက်ရောက်ခဲ့တာဖြစ်ပါတယ်။

 

အေစီယူအဖွဲ့ဝင်နိုင်ငံ ကိုးနိုင်ငံဖြစ်တဲ့ အိန္ဒိယ၊ ပါကစ္စတန်၊ အီရန်၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ မြန်မာ၊ ဘူတန်၊ မော်လ်ဒိုက်နိုင်ငံတို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

 

အေစီယူအဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုနှင့် အလားအလာများ၊ ၂၀၂၀ ဘဏ္ဍာနှစ်အတွင်း အေစီယူ၏ဆောင်ရွက်ချက်များနှင့် တိုးတက်အောင်မြင်မှုများ၊ အေစီယူ ကျွမ်းကျင်မှုကော်မတီမှ အကြံပြုတင်ပြချက်များကို အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များက အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။

 

ymg-mnn
#Yangon_Media_Group