#LocalNews
Published - 7 April 2022

 

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ သစ်ထုတ်ရာသီမှာ ကျွန်း/ သစ်မာ လျာထားထုတ်လုပ်မှု တစ်နှစ် ရပ်နားကြောင်း သယံဇာတ်နှင့် သဘာဝပတ်ဝန်းကျင်းထိန်းသိမ်းရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။

 

၂၀၂၁-၂၀၂၂ ခုနှစ်၊ ၆ လ ဘဏ္ဍာနှစ်ကာလမှာ သစ်ထုတ်လုပ်မှု ရပ်နားခဲ့ပြီး ၊ ယခုအခါ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှာလည်း ကျွန်း / သစ်မာ လျာထားထုတ်လုပ်မှုအား ထပ်မံပြီး တစ်နှစ် ရပ်နားလိုက်ကြောင်း ကြေညာလိုက်တာ ဖြစ်ပါတယ်။

 

၂၀၁၇-၂၀၁၈ ခုနှစ်ကနေ ၂၀၂၆-၂၀၂၇ ခုနှစ်အထိ ၁၀ နှစ်စီမံကိန်းရေးဆွဲပြီးအကောင်အထည်ဖော်ဆောင်ရွက်နေပြီး သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေးအတွက် မြန်မာနိုင်ငံတစ်ဝန်မှာရှိတဲ့ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှာ သစ်တောများ ပြန်လည်တည်ထောင်ခြင်းအစီအစဉ်ကို ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

 

ဒ့ါအပြင် သစ်ထုတ်လုပ်မှုကိုလည်း နှစ်စဉ်ထုတ်လုပ်နိုင်မယ့်ပမာဏ (Annual Allowable Cut – AAC) ဘောင်အတွင်းမှ လျှော့ချထုတ်လုပ်ဖို့ လျာထားတယ်လို့သိရပါတယ်။

 

ymg/ei
#Yangon_Media_Group