#LocalNews
Published_25 March 2022

 

မြန်မာနိုင်ငံတွင် တစ်နှစ်ကျော်အတွင်း ဘဏ်ဓားပြတိုက်မှု ၁၈ ကြိမ်ဖြစ်ပွားပြီး တန်ဖိုးငွေကျပ် ၁၃ ဒသမ ၅ ဘီလီယံကျော် ဆုံးရှုံးခဲ့ရကြောင်း နေပြည်တော်၌ပြုလုပ်သည့် နစက သတင်းစာရှင်းလင်းပွဲတွင် သတင်းပြန်ကြားရေး တာဝန်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

 

ယင်းမှာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၂ ခုနှစ် မတ်လ ၁၃ ရက်ထိ စာရင်းဖြစ်ကြောင်း ၊ ကမ္ဘောဇဘဏ် ၄ ကြိမ်၊ ကမ္ဘာ့ရတနာဘဏ် ၃ ကြိမ်၊ မြန်မာ့စီးပွားရေးဘဏ် ၂ ကြိမ်၊ ဧရာဝတီဘဏ် ၂ ကြိမ်၊ CB ဘဏ် ၃ ကြိမ်၊ UAB ဘဏ် ၂ ကြိမ်၊ မြန်မာ့ရှေ့ဆောင်ဘဏ် ၁ ကြိမ်နှင့် AGD ဘဏ် ၁ ကြိမ်တို့ဖြစ်ကြောင်း သိရသည်။

 

ဘဏ်ကို ဓားပြတိုက်သည့် ဖြစ်စဉ်တွင် တရားခံ ၉၇ ဦးဖမ်းမိခဲ့ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၈ ကြိမ်၊ ပဲခူးတိုင်းဒေသကြီးတွင် ၄ ကြိမ်၊ ရှမ်းပြည်နယ်တွင် ၂ ကြိမ်၊ မန္တလေးတိုင်းဒေသကြီးတွင် ၁ ကြိမ်၊ မွန်ပြည်နယ်တွင် ၁ ကြိမ်၊ ချင်းပြည်နယ်တွင် ၁ ကြိမ်နှင့် ကရင်ပြည်နယ်တွင် ၁ ကြိမ် စုစုပေါင်း ၁၈ ကြိမ်ဖြစ်ပွားခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲ ၏ စာရင်းများအရ သိရသည်။

 

ymg/mt
#Yangon_Media_Group